Arc - 2.4 [U]

1K 166 0
                                    

စုဝမ်နေရာပြန်ရောက်တော့ ပြန်အိပ်လိုက်ပြီး ...... သူမရဲ့ သာမန်ထက်ပိုတဲ့ အနံ့ခံနိုင်စွမ်းကြောင့် နှစ်လိုဖွယ်အနံ့တစ်ခုရလိုက်တော့ သူမနိုးလာသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ချီမုက ယုန်တစ်ကောင်ကို မီးကင်ရင်း အလုပ်ရှုပ်နေသည်။

ဖန်ထျန်းထျန်းကတော့ သူမကို မှီ၍ အိပ်ပျော်နေဆဲ..... ဒီကောင်မလေး တော်တော်အိပ်နိုင်တာပဲ....

"မင်း နိုးလာပြီလား?"

စုဝမ်ဆီက လှုပ်ရွနေတဲ့အသံကြားတော့ ချီမုခေါင်းမော့လာပြီး စုဝမ်ဘက် ကြည့်လာသည်။ နေရောင်ဖြောက်ဖြောက်လေးတွေက သစ်ကိုင်း၊ သစ်ရွက်တွေကြားကနေ ချီမုပေါ်ကျနေပြီး သူ့ဘေးဘက်ပုံရိပ်ကို ပိုပြီးပြည့်စုံသွားစေသည်။ ဒီအချိန်လေးမှာ ဒီယောက်ျားရဲ့အပြုံးက နွေဦးလိုပဲ နွေးထွေးနေသည်။

စုဝမ်က ချီမုကိုကြည့်ပြီး သူမအကြည့်က သူ့လက်ထဲက သစ်ကိုင်းတွေဆီရောက်သွားကာ "ဒီလိုမျိုးလဲ လုပ်တတ်တာပဲလား..... လူကို တစ်ကယ်အံ့ဩစေတာပဲ"

အထက်တန်းကျကျ ဇိမ်ကျကျနေရတဲ့ ချမ်းသာတဲ့မိသားစုက သားအကြီးကလေ..... တစ်ကယ်လူကို မျက်စိလည်သွားစေတယ်။

ချီမုက သာမန်ပဲကြည့်လိုက်ရင်း ပုံမှန်အပြုံးလေးနဲ့ "မီးဖိုချောင်ထဲတောင် မဝင်နိုင်မှတော့ မင်းက ဘယ်မျက်နှာနဲ့များ ကောင်မလေးထားနိုင်ဦးမှာလဲ? ဒီနေ့ခေတ်မှာ ဟင်းကောင်းကောင်းမချက်တတ်တဲ့ယောက်ျားတွေကို ခင်ပွန်းကောင်းလို့ မသတ်မှတ်ဘူး"

ပြောရင်းနဲ့ပင် ချီမုက လတ်ဆတ်တဲ့အသားကင်ကို ဖဲ့လိုက်ပြီး စုဝမ်ဆီ အရင်ကမ်းပေးကာ "lady first..... စိတ်ချလက်ချသာစား.... ကိုယ် လက်ဆေးထားတယ်"

စုဝမ်က ငြင်းမနေပဲ ဖြည်းဖြည်းလေးစားနေလိုက်တယ်။ နောက်ဆုံးတော့ ဖန်ထျန်းထျန်းလည်း မွှေးပျံ့တဲ့အနံ့လေးကြောင့် နိုးလာသည်။ လူသုံးယောက်က ဗိုက်ပြည့်တဲ့အထိ စားနေကြပြီး ဘာဆက်လုပ်ရမလဲဆိုတာ တိုင်ပင်နေကြသည်။

ချီမုသယ်လာတဲ့အိတ်ကြီးက သာမန်ထက်ပိုကြီးပြီး တောထဲသုံးဖို့ သင့်တော်တဲ့ပစ္စည်းတွေနဲ့ ရေဘူးအနည်းငယ်ပါသည်။ သူတို့ ငတ်ပြီးတော့ မသေနိုင်ပေမယ့်လည်း သူတို့သာ ဒီမှာပဲ ဆက်စောင့်နေမယ်ဆိုရင် မမြင်နိုင်တဲ့အန္တရာယ်တွေ ပေါ်လာနိုင်သည်။ နောက်ဆုံးတော့ သုံးယောက်သား ဆက်သွားဖို့ဆုံးဖြတ်လိုက်ပြီး သူတို့စိတ်ထဲရှိတဲ့ဦးတည်ချက်အတိုင်း သွားကြမည်။ တစ်ခြားသူတွေကို မတွေ့နိုင်ရင်တောင် ဒီသစ်တောထဲက ထွက်ဖို့အပေါက်ရှာတွေ့နိုင်တာပဲလေ။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now