အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.12 [U]

719 136 1
                                    

မနက်အစောကြီးမှာပဲ စုယွီက စုဝမ်ကို ကုမ္ပဏီလိုက်ပို့ပေးပြီး ချက်ချင်းပင် တစ်နှစ်စာစာချုပ်ကို လက်မှတ်ထိုးလိုက်သည်။ လက်မှတ်ထိုးပြီးတာနဲ့ သူမကို နှုတ်ဆက်ပြီး ဓာတ်ပုံရိုက်ကူးဖို့ စီစဉ်တော့သည်။ ပြီးတာနဲ့ထွက်သွား‌သည်။

စုယွီလက်မှတ်ထိုးထားတဲ့စာချုပ်ကို အသစ်ဝင်လာတဲ့လက်ထောက်ကို ပေးပြီးတာနဲ့ စုဝမ် စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီးချလိုက်၏။ ဒီပြဿနာတော့ ဖြေရှင်းပြီးသွားပြီ။

တစ်ကယ်တော့ အစကထဲက သူမပစ်မှတ်က စုယွီပင်... ဘယ်တုန်းကမှ ရှောင်းကျန်းမိုမဟုတ်ခဲ့ဘူး။

သူမက အကျင့်ပါစွာပင် စတော့ဈေးကွက်ကိုဖွင့်ကြည့်လိုက်သည်။ ဟောင်းယွီ group ရဲ့ စတော့ဈေးနှုန်းကိုကြည့်မိတော့ ဒီနေ့ ထပ်တက်သွားပြန်ပြီ။ ပမာဏအနည်းငယ်ပဲ တက်သွားတယ်ဆိုပေမယ့်လည်း၊ ဘာသတင်းမှမထွက်ပဲ ဒီလိုတည်ငြိမ်နေတဲ့အချိန်ကာလမှာ  စတော့ဈေးနှုန်းကတက်နေတာဆိုတော့.... ဒီအနည်းငယ်တက်တာလေးကပင် ဟောင်းယွီ group ကို အရေးပါစေသည်။

စုယွီများဖြစ်နေမလား??

သူမလိုမျိုးပဲ ဟောင်းယွီ group ရဲ့ ရှယ်ယာတွေကို တိတ်တဆိတ်လိုက်ဝယ်နေတာ စုယွီအပြင် ဘယ်သူဖြစ်နိုင်သေးလို့လဲ?

တကယ်သာ စုယွီဆိုလို့ကတော့.... သူက ရှယ်ယာကစားတဲ့ဘက်ခြမ်းမှာ အားနည်းနေသေးတာကို တွေးမိပြီး သူမသက်ပြင်းချမိသည်။ ဒီရက်အတွင်း ဈေးတက်တာတွေက သိသာလွန်းနေသည်။ မြွေကို လှန့်မိသလိုဖြစ်သွားမှာ စိုးရိမ်မိပြီး ရှောင်းကျန်းမိုက သံသယဝင်သွားနိုင်သည်။ ဒီဟာက ကောင်းတဲ့အချက်တော့မဟုတ်။

ဒီအတွေးဝင်ပြီးတာနဲ့ နောက်ရက်အနည်းငယ်အတွင်း ဟောင်းယွီရဲ့ ရှယ်ယာတွေ ဝယ်တာရပ်ထားဖို့ သူမရဲ့ စတော့ပွဲစားဆီ စာပို့လိုက်သည်။

စာပို့ပြီးတာနဲ့ လက်ထောက်အသစ် ရှုကျဲက တံခါးခေါက်ပြီး ဝင်ခွင့်တောင်းတဲ့အချိန်အထိ သူမအလုပ်တွေထဲ နစ်မြုပ်နေခဲ့သည်။ အဲ့တော့မှ သတိဝင်လာပြီး သူမရဲ့နာကျင်နေတဲ့ ပုခုံးတွေကို နှိပ်နယ်ကာ သူမရှေ့က မျက်မှန်နဲ့ကြည့်ကောင်းတဲ့လူဆီ အကြည့်ပို့လိုက်၏။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now