Arc - 2.15 [U]

868 132 3
                                    

C မြို့တော်ရဲ့ အနောက်ပိုင်းဒေသကို တောင်တွေမြစ်တွေနဲ့ ဝန်းရံထားသည်။ ကြီးမားကျယ်ပြန့်တဲ့ဗီလာတွေကိုလည်း လှပတဲ့ တောင်ဘေးမှာတည်ဆောက်ထားကြသည်။

ချီမုဗီလာကလည်း ဒီဗီလာအစုထဲမှာပဲရှိသည်။ ဒါက သူအသက်ပြည့်တဲ့ 18 နှစ်မွေးနေ့တုန်းက သူ့အဖေဆီကနေ မွေးနေ့လက်ဆောင်ရထားတာဖြစ်သည်။ သူအရွယ်ရောက်ပြီးနောက် လုပ်ခဲ့သမျှပါတီတွေကိုလည်း ဒီမှာပဲ ကျင်းပဖြစ်သည်။ အဲ့အချိန်ထဲက ဒီနေရာလေးက ချီမုနဲ့သူ့သူငယ်ချင်းတွေ ပျော်ပါးဖို့စုဝေးရာဖြစ်လာခဲ့သည်။

အခုတော့ချီမုက ကျယ်ဝန်းတဲ့အိမ်ယာထဲကို ဖြည်းဖြည်းချင်းကားမောင်းဝင်လာသည်။ ဘေးတစ်ဖက်တစ်ချက်စီမှာလည်း တိတ်ဆိတ်နေတဲ့ဗီလာတွေရှိနေသည်။ အဝေးကနေပြီး လမ်းဘေးမှာရပ်ထားတဲ့ ချန်ယုဖုန်းကား *Ferrari အနီရောင်လေးကို လှမ်းတွေ့လိုက်သည်။ အမည်းရောင်ဝတ်စုံနဲ့ချန်ယုဖုန်းက ကားဘေးကိုမှီပြီး ရပ်နေသည်။ သူရှေ့မှာ မီးတောက်ရဲရဲလေးကိုတွေ့လိုက်တော့ သူ ဆေးလိပ်သောက်နေမှန်း ချီယုသိလိုက်သည်။

ချန်ယုဖုန်းက ဆေးလိပ်နဲ့အရက်ကို ငယ်ငယ်ထဲက ရှောင်ရှားတာတွေမရှိပေမယ့်လည်း ကျောင်းတက်နေဆဲမလို့ သူ့ဆေးလိပ်သောက်တဲ့အကျင့်က အလွန်အကျွံတော့မဟုတ်သေးပေ။ သူဒေါသထွက်တဲ့အချိန်တို့၊ ထိတ်လန့်နေတဲ့အချိန်တို့မှသာ ဆေးလိပ်သောက်လေ့ရှိသည်။

ချီမုက ကားကိုအရှိန်မြင့်မောင်းနေရာမှ ချန်ယုဖုန်းရှေ့ရောက်တော့ ရုတ်တရက်ရပ်လိုက်သည်။

တွေဝေနေတဲ့ချန်ယုဖုန်းက ဘရိတ်ခ်အသံလည်းကြားရော စိတ်လှုပ်ရှားစွာမော့ကြည့်လိုက်တော့ ချီမု ကားပေါ်က ဆင်းလာတာ တွေ့လိုက်သည်။

"F**k အားဖန်း... ညလယ်ခေါင်ကြီးကို မအိပ်ပဲ ငါ့ကို အပြင်ထွက်ဖို့ခေါ်တယ်? မင်း ဘာလိုချင်နေတာလဲ?"

အကျင့်အရပဲ ချီမုက သူ့လက်တစ်ဖက်ကို ကားတံခါးပေါ်တင်ထားပြီး တစ်ခြားလက်တစ်ဖက်က suit က ကြယ်သီးကိုဖြုတ်နေရင်း သူ့မျက်နှာက စိတ်အခြေအနေမကောင်းဘူးဆိုတာကို ဖော်ပြနေသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now