Prologue [U]

8.3K 332 3
                                    

"ရှောင်ဝမ်..... မသွားပါနဲ့။ မင်း ကိုယ့်ကို ချစ်သေးတာ ကိုယ်သိတယ်..... မသွားနဲ့!!!! မသွားပါနဲ့!!!!!!!"

ယောက်ျားတစ်ယောက်ရဲ့နှလုံးကွဲမတတ်၊ အဆုတ်ကွာမတတ်အော်သံက မှောင်မည်းနေတဲ့ မြေအောက်ခန်းထဲက ထွက်ပေါ်လာသည်။ လေးလံလှတဲ့သံတံခါးကြီးက တဖြည်းဖြည်းပိတ်နေသလို သားနားတဲ့အမည်းရောင်ဝတ်စုံကို ဝတ်ထားတဲ့အမျိုးသားက သူ့ဘေးမှာရပ်နေတဲ့အမျိုးသမီးကိုပြုံးကြည့်ရင်း "စုဝမ်....မင်း သူသေတာကိုကြည့်နိုင်လောက်တဲ့ အသည်းနှလုံးရှိလို့လား??"

"နင် မကြည့်ရက်ဘူးလို့တော့ မပြောနဲ့နော်။ Ohh.... ဟုတ်သားပဲ သူက နင့်ရဲ့အကိုကြီးလေ ဟုတ်တယ်မလား?? ဒါမှမဟုတ် နင် သူနဲ့အတူတူလိုက်သေမလား"

သူမဘေးကလူကို ပုံမှန်ပဲ ကြည့်ပြီး စုဝမ်က နယ်မြေဖျက်ဆီးရေးရုံးချုပ်ကိုဆက်သွယ်ရင်း သူမလက်သည်းတွေကိုပွတ်နေသည်။

003 တာဝန်အောင်မြင်ပါပြီ..... ပြန်လာဖို့ တောင်းဆိုသည်။ ပြန်လာဖို့ တောင်းဆိုသည်.....

ရုံးချုပ်ဘက်က ရရှိပါသည်...... အချက်အလက်များ လွှဲပြောင်းနေပါသည်.....

စုဝမ်ဘေးက ယောက်ျားကတော့ သူမရဲ့ပုံစံအစစ်အမှန်ကိုသိမှာမဟုတ်ပေမယ့်လည်း သူကတော့ စုဝမ်ရဲ့ အဆိပ်လိုလျှာစောင်းထက်တာနဲ့ ကွဲပြားနေမှုကိုတော့ အသားကျနေပုံရသည်။ သူမရဲ့စကားတွေကိုကြားပြီးတာတောင် သူက ငြင်းဆန်တာတွေလုပ်မနေဘူး။ တစ်ဘက်မှာတော့ သူ့လက်တွေကိုမြှောက်ရင်း စုဝမ်ပုခုံးကို ဖက်ဖို့ကြိုးစားကာ "ကောင်းပြီ ရှောင်ဝမ်.... သူ့အကြောင်းမပြောပဲ နေရအောင်...... ကိုယ်တို့မင်္ဂလာပွဲအကြောင်းပဲ တိုင်ပင်ရအောင်နော်, okay??"

သူ့ရဲ့အကိုကြီးကိစ္စမစခင်ထဲက သူတို့တွေသဘောတူညီမှုလုပ်ထားခဲ့သည်။ လီမိသားစုကို သူထိန်းချုပ်နိုင်တာနဲ့ သူတိုရဲ့မင်္ဂလာပွဲကို ကြေငြာမယ်ဆိုပြီး။ သူကတော့ အဲ့တာကိုပဲမျှော်လင့်နေခဲ့တာ။

မင်္ဂလာပွဲ??

စုဝမ်က နှာခေါင်းရှုံ့လိုက်သည်။ ထိုယောက်ျားရဲ့လက် သူမပုခုံးပေါ်မရောက်ခင် ပုတ်ချလိုက်ပြီး "ဒီနေ့တော့ ငါ အရမ်းပင်ပန်းနေပြီ။ မနက်ဖြန်မှ ဆက်ပြောရအောင်"

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Wo Geschichten leben. Entdecke jetzt