အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.7 [U]

833 130 0
                                    

စုဝမ်က ရှောင်းမိသားစုရဲ့ ညစာပါတီပွဲပြီးတဲ့အထိမစောင့်ပဲ သူမကို ဘယ်သူမှအာရုံထားမနေတဲ့အချိန် ပွဲကနေထွက်လာခဲ့လိုက်သည်။ ညလေညင်းတွေက သူမကို အနည်းငယ်ကြက်သီးထသွားစေတယ်။ သူမဖိနပ်ကိုချွတ်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းပင် နီရဲယောင်ယမ်းနေသည်။ သူမ ဗီလာအပြင်ကလမ်းအတိုင်း တစ်လှမ်းပြီးတစ်လှမ်းထွက်လာလိုက်သည်။

တစ်ချို့သောမှတ်ဉာဏ်ဟောင်းတွေက ပြန်မှတ်မိဖို့ နာကျင်စရာတောင်မလိုဘူး။ ရုတ်တရက်အချိန်အတွင်းမှာပဲ ရုတ်တရက်ထွက်ပေါ်လာနိုင်သည်။ သူမရဲ့မူရင်းဘဝက အရာရာတိုင်းကို မမှတ်မိပေမယ့်လည်း သူမကရတာကို သဘောကျတာတော့ ဝိုးတဝါးမှတ်မိနေဆဲပင်။

ဟုတ်တယ်.... အဲ့တုန်းက ကရတာကို သူမအရမ်းကြိုက်နှစ်သက်ခဲ့တာ။ စုမိသားစုမှာ ညစာစားပွဲရှိတဲ့အချိန်တိုင်း သူမကပင် လူတွေရဲ့အာရုံစိုက်စရာဖြစ်ခဲ့သည်။

အဲ့အချိန်တုန်းက......

ညလေပြည်ကြားထဲ စုဝမ်သက်ပြင်းလေးချလိုက်မိတယ်။ လူတွေက အတိတ်ကိုပြန်ကြည့်ဖို့ကြောက်လန့်နေကြတဲ့ အကြောင်းရင်းက အတိတ်ဖြစ်ရပ်တော်တော်များများက ရင်ဆိုင်ဖို့ ခက်ခဲလွန်းလို့ပင်။

အချိန်တွေဘယ်လောက်ကြာသွားမှန်းမသိ သူမအတိတ်ကို ပြန်ပြောင်းတွေးနေတုန်းမှာပဲ သူမအနောက်နားကနေ ကားသံကိုကြားလိုက်ရသည်။ စုဝမ်က ပုံမှန်ပဲလမ်းဘေးဘက်ကို ကပ်ပေးလိုက်တယ်။ ညမီးရောင်မှိန်မှိန်လေးအောက်မှာ အနီရောင် Porsche sport car လေးက စုဝမ်ဘေးနား ရပ်သွားသည်။ အနီရောင်ဝတ်စုံနဲ့ အိုးရန်ကျန်းက စုဝမ်ကနှစ်လိုဖွယ်ကောင်းတဲ့အပြုံးနဲ့ကြည့်နေရင်း "မစ္စစု... အဆင်ပြေရဲ့လား?? မြို့ထဲထိ ကျွန်မလိုက်ပို့ပေးရမလား??"

အိုးရန်ကျန်းရဲ့အပြုံးကိုမြင်တော့ စုဝမ်က အနည်းငယ်တွန့်ဆုတ်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်ကာ "ဒါဆို မစ္စအိုးရန်ကိုပဲ ဒုက္ခပေးရတော့မယ်"

စုဝမ်ကားထဲဝင်လာ‌တာမြင်တော့ အိုးရန်ကျန်းကကောက်ကျစ်တဲ့အပြုံးပြုံးလိုက်ပြီးနောက် ကားအင်ဂျင်ကိုပြန်နှိုးလိုက်ပြီး ကားလေးက မြားတစ်စင်းလိုပဲ လေထဲဖြတ်ပြေးသွားသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now