Arc - 2.16 [U]

830 137 0
                                    

သူမအိမ်မက်ကနေနိုးလာတာနဲ့ ကမ္ဘာကြီးတစ်ခုလုံးက ပြောင်းလဲနေသည်.... လူသူကင်းမဲ့နေတဲ့ လမ်းတွေ၊ ထူးဆန်းပြီးရှည်ကြာလွန်းတဲ့ ညတွေ။

မန်ထင်းယောင် အင်္ကျီအောက်ထဲကနေ ကိုင်ထားတဲ့ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း တိတ်ဆိတ်နေတဲ့ လမ်းထက် တစ်ယောက်ထဲလျှောက်သွားနေမိသည်။ သူမ ဘယ်သွားရမယ်မှန်းလဲမသိ။ အိမ်ရှိအစေခံတွေကလည်း အံ့ဩဖို့ကောင်းလောက်အောင် ပျောက်ကွယ်သွားပြီး အိမ်ကြီးတစ်ခုလုံးကလည်း ကြောက်ဖို့ကောင်းအောင် တိတ်ဆိတ်နေသည်။ နာရီက 3 မှာ ရပ်သွားချိန် သူမနှလုံးခုန်နှုန်းက ပိုမြန်လာသည်။

သူမ အိမ်ကနေထွက်လာလိုက်တယ်။ သူမမထွက်လာခင် မီးဖိုထဲကနေ အရမ်းမကြီးပဲ ထက်ရှနေတဲ့ ဓားကို အင်္ကျီအောက်ထဲ ဖွက်ပြီး ယူလာလိုက်သည်။

သူမ ဘာလုပ်သင့်လဲ?

သူမ ဘယ်သူ့ကိုယုံကြည်ရမလဲ?

သူမဖုန်းကို သူမနဲ့အတူထားတတ်တာ သတိရသွားပေမယ့်လည်း အခုချိန်မှာတော့ သူမ ဘယ်သူ့ကို ခေါ်သင့်လဲဆိုတာတောင် မသိတော့ဘူး။

သူမက အခွင့်ထူးခံအထက်တန်းကျကျ မွေးဖွားလာတာကြောင့် လူအများရဲ့မျက်လုံးထဲမှာ သူမက နတ်ဘုရားမဖြစ်ကာ ပညာတတ်အထိအခိုက်မခံနိုင်တဲ့ ပုံရိပ်လေးဖြစ်နေသည်။

လူတိုင်းက သူမရဲ့အေးစက်တဲ့ဘက်ခြမ်းကိုပဲ တွေ့နေကျမလို့ သူမကို တန်းတန်းစွဲဖြစ်ပြီး အနောက်ကတကောက်ကောက် လိုက်နေတဲ့ ယောက်ျားတွေကလွဲရင် သူမနဲ့သူငယ်ချင်းလုပ်ချင်တဲ့သူ မရှိခဲ့ဘူး။ မန်ထင်းယောင်လည်း သူမရဲ့ ဒီလိုဘဝကြီးကို စိတ်ကုန်နေပြီ။

သူမ တစ်ခြားသူတွေနဲ့ သူငယ်ချင်းလုပ်ဖို့ ကြိုးစားဖူးပေမယ့်လည်း သူမမိသားစုနောက်ခံကြောင့် သူမကို တစ်ခြားသူတွေနဲ့ ကွဲပြားစေခဲ့သည်။

ပိတ်ရက်တွေဆို အဆောင်ခန်းထဲက ကောင်မလေးတွေက လမ်းမတစ်လျှောက် ပတ်ကာ shopping ထွက်ရတာ ကြိုက်ပေမယ့် မန်ထင်းယောင်ကတော့ C မြို့တော်ရဲ့အကြီးဆုံးဇိမ်ခံဆိုင်ကလွဲရင် တစ်ခြားဆိုင်က အင်္ကျီတွေ မဝတ်ဖူးပေ။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Donde viven las historias. Descúbrelo ahora