Arc - 2.7 [U]

990 118 6
                                    

"သူတို့တွေ သေကုန်ကြပြီ" စုဝမ်က လုံးဝကျိန်းသေတဲ့အမူအယာနဲ့ပြောလိုက်တော့ ဘေးကလူသုံးယောက်က မရည်ရွယ်ပဲ သူမကို တစ်ပြိုင်ထဲလှည့်ကြည့်ကြသည်။

"စုဝမ်... ဒါတွေက အိမ်မက်လား ဒါမှမဟုတ်......"

ချီမုက စုဝမ်ကိုကြည့်ပြီး ရုတ်တရက်ဒီမေးခွန်းကို တုံ့ဆိုင်းစွာမေးလိုက်တယ်။

"အင်း.... ငါလည်း ထူးဆန်းတဲ့အိမ်မက်မက်ခဲ့တယ်.... ပြီးတော့...." လူသုံးယောက်ကိုကြည့်ရင်းနဲ့ စုဝမ်မျက်လုံးလေး လက်ခနဲဖြစ်သွားသည်။ "ငါထင်တာမမှားဘူးဆိုရင် အခုလည်း ငါတို့ အိမ်မက်ထဲမှာပဲ... ဆက်တိုက်မက်နေတဲ့အိမ်မက်.. ငါတို့ကတော့ အိမ်မက်ကနေနိုးလာခဲ့တာလို့ ထင်ခဲ့ကြပေမယ့် တစ်ကယ်တမ်းက ပို ပိုပြီးနက်ရှိုင်းတဲ့အိမ်မက်တွေထဲကို ရောက်နေကြတာ"

ဒီဟာက အိမ်မက်ဆိုးရဲ့ကြောက်စရာအကောင်းဆုံးအပိုင်းပဲ။ မင်းကို အိမ်မက်ထဲမှာပဲ တစ်သက်လုံးပိတ်မိနေစေပြီး... ဘယ်တော့မှမလွတ်မြောက်နိုင်... ဘယ်တော့မှ ပြန်မသွားနိုင်တော့ဘူ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!"

အသက်ကြီးဆုံးနဲ့အတွေ့အကြုံအများဆုံးချီမုက အရင်ဆုံးတည်ငြိမ်မှုတွေဆုံးရှုံးတဲ့သူဖြစ်နေတယ်။

ကြည့်ရတာ ဒီမယုံနိုင်စရာ အဓိပ္ပာယ်မရှိတဲ့ပုံပြင်သွားနှုန်းက အရမ်းကောင်းမွန်နေပြီး သူ့ကို လက်ခံဖို့ခက်ခဲစေတာဖြစ်ရမည်။ သူနဲ့ယှဉ်ရင် မန်ထင်းယောင်က ပိုတည်ငြိမ်နေပြီး သူမက မျက်မှောင်တွေကို ကြုံ့ထားကာ တည်ငြိမ်အေးစက်တဲ့အမူအယာကို ထိန်းထားသည်။ တစ်ဖက်မှာတော့ ဖန်ရှုကျင်းက မျက်လုံးတွေကို ပင့်ကာ စုဝမ်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ အဓိပ္ပာယ်ဖော်လို့မရတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။

"အိမ်မက်ကမ္ဘာလား? အိမ်မက်က ခိုးယူဖန်တီးထားတဲ့နယ်မြေလိုမျိုးလား? ဒီလိုသာဆို တစ်ကယ့်အပြင်ကမ္ဘာနဲ့ချိတ်ဆက်ထားတဲ့ထွက်ပေါက်တော့ ရှိလောက်မှာပေါ့??"

ဖန်ရှုကျင်းက မေးခွန်းအနည်းငယ်ကို ဆက်တိုက်မေးလိုက်ပြီး သူ့အသံမှာ စိတ်လှုပ်ရှားမှုအနည်းငယ်ပါဝင်နေသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Unde poveștirile trăiesc. Descoperă acum