Arc - 2.17 [U]

801 137 0
                                    

ဘော့စ်ပိုင်ရဲ့ နယ်မြေက C မြို့ရဲ့ မြောက်ဘက်မှာတည်ရှိသည်။ ထိုနေရာက အာဏာပိုင်တွေရဲ့အမိန့်သက်ရောက်မှုမရှိတဲ့ မြို့ဟောင်းဖြစ်သည်။ ချီမုက မြောက်ဘက်ကိုမောင်းလာပြီး ပန်းခြံတစ်ခုရှေ့ရပ်လိုက်သည်။ စုဝမ်က ပိုင်ရှောင်းယွီကိုခေါ်ဖို့ လုပ်လိုက်ပြီး သူမအင်္ကျီထဲ အတော်ကြာအောင်ရှာပြီးမှ သူမဖုန်းကို တစ်နေရာရာမှာ ကျပျောက်ခဲ့မှန်း သိလိုက်ရသည်။

"ငါ ခေါ်လိုက်မယ်"

နောက်ခုံမှာထိုင်နေတဲ့ ယီဇီရွှမ်းက သူ့ဖုန်းကိုထုတ်လိုက်သည်။ သူက ဆင်းရဲတာမလို့ သူ့ဖုန်းက သူ့အမျိုးတစ်ယောက်သုံးထားတဲ့ ဟောင်းနွမ်းကာ ခေတ်နောက်ကျနေတဲ့ အသုံးပြုပြီးသားဖုန်းဖြစ်နေသည်။

ယီဇီရွှမ်းက ဖုန်းနံပါတ်ကိုရှာပြီးနောက် တွေ့တာနဲ့ တစ်ခါထဲခေါ်လိုက်သည်။ ဖုန်းက ဝင်သွားပေမယ့် ပြန်ဖြေမယ့်သူတော့ မရှိဘူး။

"တူ.....တူ...တူ"

ယီဇီရွှမ်း မျက်မှောင်ကြုတ်သွားသည်။ ဖုန်းက အလိုလိုကျသွားတော့မယ်လို့ သူထင်လိုက်တော့မှပဲ မမျှော်လင့်ပဲ ဖုန်းက ဝင်သွားသည်။

"ယီဇီရွှမ်း?"

ကြည်လင်ပြီးသာယာတဲ့အသံလေးက ဖုန်းထဲက ထွက်လာပြီး ဒီအသံက သူ့ကို သံသယဖြစ်စေသည်။

ဒါက ပိုင်ရှောင်းယွီအသံမဟုတ်ဘူး။

ယီဇီရွှမ်းက ဘာမှဆက်မပြောတော့ တစ်ဖက်ကပြောနေတဲ့လူလည်း ခဏရပ်သွားပြီးမှ ထပ်ပြောလာသည် "ငါ မန်ထင်းယောင်... ငါ အခု ပိုင်ရှောင်းယွီနဲ့အတူရှိနေတာ"

မန်ထင်းယောင်?

ယီဇီရွှမ်းက ချက်ချင်းပဲ မန်ထင်းယောင်ရဲ့ တည်ငြိမ်နူးညံ့တဲ့မျက်နှာလေးကို မြင်ယောင်လာသည်။

မန်ထင်းယောင်က ဌာနရဲ့ အလှနတ်သမီးအဖြစ်သတ်မှတ်ခံထားရသည်။ သူမက ကျောင်းသားတော်တော်များများရဲ့ စိတ်ကူးယဉ်အိမ်မက်ချစ်သူလည်း ဖြစ်သေးသည်။ တစ်ခြားကျောင်းသားတွေလို သူ မန်ထင်းယောင်ကို မလိုက်ဖူးပေမယ့် အဲ့တာက ဒီနတ်သမီးလေးရဲ့ အလှကို သဘောကျတဲ့စိတ်ကိုတော့ မရပ်တန့်နိုင်ဘူး။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now