Arc - 2.5 [U]

984 170 0
                                    

ချီမုက ပြန်အိပ်မပျော်တော့ဘူး။ မနက်နေထွက်ချိန်ရောက်တော့ သူ့မျက်လုံးတွေက နီရဲတွက်နေသည်။ စုဝမ်နှင့်ဖန်ထျန်းထျန်းနိုးလာတဲ့အခါ ချီမု သူ့အိတ်ထဲကနေ အသားဘူးနှစ်ဘူးနဲ့ ဘီစကစ်တစ်ထုပ် ထုတ်ပေးသည်။

"ဝါး!!!..... အကို့မှာ အသားဘူးတောင်ပါလာတာပဲ.... ချီကော ပြင်ဆင်လာတာတွေက အရမ်းတိကျတာပဲ... ဒီလိုတောထဲကို ခဏခဏသွားလေ့ရှိတာလား?"

အရသာရှိတဲ့အစားအသောက်တွေကို မြင်တာနဲ့ ဖန်ထျန်းထျန်းမျက်လုံးတွေက ဘလင်းဘလင်းဖြစ်နေပြီ။

ချီမုက ပြုံးလိုက်ပြီး "တောထဲမှာ ရှင်သန်ဖို့ကြိုးစားတဲ့နေရာမှာ ငါက ဆရာကြီးပဲကို.... မင်းတို့ မကြာခင်သိလာပါလိမ့်မယ်... တောထဲမှာတောင် ဘယ်လိုရှင်သန်ရမယ်မှန်းမသိတဲ့လူက ခင်ပွန်းကောင်းမဖြစ်နိုင်ဘူး..."

စုဝမ်:..........

ဖန်ထျန်းထျန်း:..............

လူသုံးယောက်က မြန်မြန်ဆန်ဆန်စားလိုက်ကြပြီး ဒီကနေ ဘယ်လိုထွက်သွားနိုင်လဲဆိုတာ ထိုင်ဆွေးနွေးနေကြသည်။ ချီမုက သူ့အိမ်မက်ထဲကဖြစ်ခဲ့တာတွေကို မေ့သွားပေမယ့် စုဝမ်ကတော့ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ ဘယ်ကနေ ဒီအကြံထွက်လာလဲတော့မသိ စုဝမ်က ချက်ချင်းပဲ သူမတို့ ချင်လုနဲ့တွေ့ခဲ့တဲ့ဘက်ကို လမ်းညွှန်ပြလိုက်သည်။

ကျန်တဲ့လူနှစ်ယောက်ကလဲ မငြင်းပယ်တော့ ချက်ချင်းပဲ သူတို့နဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို သိမ်းဆည်းပြီး စုဝမ်ညွှန်ပြတဲ့လမ်းအတိုင်း ထွက်လာသည်။

အဲ့တာက အိမ်မက်ထဲကအတိုင်းပဲ။ တစ်နေကုန်လုံးလမ်းလျှောက်ပြီးတာတောင် အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဘာအန္တရာယ်မှ မတွေ့ခဲ့ကြဘူး။ သူတို့ရဲ့ပျောက်ဆုံးနေတဲ့သူငယ်ချင်းတွေကိုလည်း မတွေ့ခဲ့ကြပေ။

နေဝင်တော့မှာနဲ့အမျှ ဖန်ထျန်းထျန်းရဲ့ စိုးရိမ်ပူပန်မှုတွေကများလာပြီး သူမမျက်လုံးတွေလည်း နီရဲလာသည်။ ဒီနေရာကနေ အလျှင်အမြန်ထွက်သွားချင်ပေမယ့် ဘယ်သွားရမလဲမသိဖြစ်နေပြီး သူမခြေလှမ်းတွေကလည်း မငြိမ်မသက်ဖြစ်နေသည်။ ဒီလိုအလွန်အကျွံစိုးရိမ်ပူပန်ခြင်းက ဖန်ထျန်းထျန်းမျက်နှာကို ဖြူလျော်လာစေသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now