Arc - 2.12 [U]

830 155 1
                                    

စုဝမ်ရဲ့စိတ်အခြေအနေက ရှုပ်ထွေးနေသည်။ ထူးဆန်းတဲ့အိမ်မက်ကစလို့ ယီဇီရွှမ်းရောက်လာတာရယ်... ချီမုရဲ့ အံ့ဩသင့်စရာစကားလုံးတွေက ဒီည သူမစိတ်ကို ရောထွေးစေသည်။

သူမရဲ့အတွင်းစိတ်ကတော့ အခုချိန် ဘယ်သူ့ကိုမှ ယုံလို့မရဘူးဆိုတာကို ပြောနေသည်။

ယီဇီရွှမ်းရဲ့ ကတိတွေ၊ ချီမုရဲ့ တည်ကြည်တဲ့မျက်နှာအမူအယာတွေကို တွေးကြည့်ပြီး စုဝမ် တွန့်ဆုတ်နေမိသည်။

"ရှောင်ဝမ်?"

စုဝမ် တွေဝေနေတာကိုကြည့်ပြီး ချီမု ရှေ့တိုးလာပြီး သူနဲ့ သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ သူမကို ထိချင်သလို လက်မြှောက်လိုက်သည်။

"အမ်?"

စုဝမ် ချက်ချင်းလှည့်ကြည့်ပြီး ချီမုလက်ကို အနေရခက်စွာ ရှောင်လိုက်ရင်း "ချီမု... ဒီမှာစောင့်နေ... ရှင့်အတွက် အင်္ကျီသွားယူပေးမယ်"

ပြောပြီးတာနဲ့ သူမမိဘတွေအိပ်ခန်းထဲ ထွက်ပြေးသွားသည်။ အိပ်ခန်းတံခါးပိတ်လိုက်တာနဲ့ စုဝမ်မြင်ကွင်းက အမှောင်ကျသွားပြီး ယီဇီရွှမ်းတစ်ကိုယ်လုံးက သူမပေါ်ဖိထားတာကို ခံစားလိုက်ရသည်။ စုဝမ်လည်း အနောက်ကတံခါးကိုပဲ မှီထားရင်း "ဇီရွှမ်း?"

သူမက ဧည့်ခန်းထဲမှာရှိနေတဲ့ချီမု ကြားမှာကြောက်ပြီး တိုးတိုးလေးခေါ်လိုက်တယ်။

"သူက"

ယီဇီရွှမ်းက မနှစ်မြို့မှုတွေပါနေတဲ့အပြုံးကြီးနဲ့ "မင်း ချီမုနဲ့ မြန်မြန်ချိတ်နိုင်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

သူတို့လမ်းခွဲထားခဲ့တာ နှစ်ဝက်လောက်ရှိပြီး သူလည်း အခြေအနေတွေကို လက်ခံထားပြီးပြီဆိုပေမယ့် သူအစွမ်းရလာထဲက လူအများရဲ့လေးစားအားကျမှုကို ခံလာရတာလေ... ချီမုနဲ့စုဝမ်တို့ပြောတာတွေကို သူ့နားနဲ့ကိုယ်တိုင်ကြားလိုက်ရတော့ သူ့စိတ်ထဲမှာနေလို့မကောင်းတော့ဘူး။

သူနဲ့စုဝမ်ရှိခဲ့တာ ဘယ်လောက်တောင်ရှိနေပြီလဲ?

ချီမုနဲ့စုဝမ်သိတာမှ ရက်ပိုင်းပဲရှိသေးတာလေ...

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Donde viven las historias. Descúbrelo ahora