အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.15 [Z]

146 13 0
                                    

ရှောင်းမိသားစုဆီရောက်သွားပြီးကထဲက ရှောင်းကျန်းမိုက ရှောင်းလူအိုကြီးရဲ့ ထိန်းကျောင်းပေးမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ သာမန်ကောင်လေးပုံစံကနေ ရည်မွန်ကျော့ရှင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဒီနှစ်တွေအတွင်း သူက ယဉ်ကျေးပြီး ကျက်သရေရှိသလို ဟန်ပန်ဖြင့် တော်ဝင်ဆန်တဲ့မျက်နှာဖုံးဝတ်ထားရတာကို ကျင့်သားရနေခဲ့သည်။

ဒီနေ့ စုယွီကို စိတ်လိုက်မာန်ပါနဲ့ လှောင်ပြောင်လိုက်တဲ့အပြုအမူက ဘာမှမဟုတ်ဘူးဆိုပေမယ့်လည်း ပြောပြီးမှ ရှောင်းကျန်းမို နောင်တရသွားခဲ့တယ်။

သူနှင့်စုဝမ်နဲ့က လွန်ခဲ့တဲ့ရှစ်နှစ်ကထဲက လမ်းခွဲနေခဲ့ပြီးပြီ။ သူ့မှာလည်း အခု လော့ချူးချူးရှိနေပြီ။ ဘာလို့များ စုဝမ်က တခြားဘယ်သူနဲ့ရှိနေတာလဲဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အာရုံနောက်ခံနေရတာပါလိမ့်?

သူ ဘာဖြစ်နေတာလဲ?

စုယွီကလည်း ရှောင်းကျန်းမို ဘာကိုဆိုလိုချင်လဲဆိုတာ နားလည်ပေမယ့် ဒေါသထွက်သွားတဲ့ပုံမပေါ်ပဲ ဆန့်ကျင်ဘက်အားဖြင့် စုဝမ်ကို ရတနာတစ်ခုလို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး "ပြောရမယ်ဆိုရင် ပြောရေးဆိုခွင့်ရှိသူနေရာကို ကျွန်တော့အတွက် ချန်ထားပေးလို့ ဥက္ကဠရှောင်းကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အလှလေးကို ဘယ်တော့မှပိုင်ဆိုင်ခွင့်ရမလဲဆိုတာတောင် သိမှာမဟုတ်တော့ဘူး!"

စုယွီက ရှောင်းကျန်းမိုကို တကယ်ကျေးဇူးတင်နေတဲ့ပုံစံနဲ့ ခင်မင်လေးနက်စွာပြောနေသည်။ စုယွီရဲ့ဟန်ဆောင်ကျေးဇူးတင်စကားကြောင့် ရှောင်းကျန်းမို ပိုပြီးစိတ်တိုသွားမိသည်။ သူက ဝတ်ကျေတမ်းကျေပဲ စကားတစ်ချို့ပြောလိုက်ပြီးနောက် လော့ချူးချူးနဲ့အတူ ပြန်လာခဲ့သည်။

သူတို့ကား မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတော့မှ စုယွီမျက်မှာပေါ်က အပြုံးကပျောက်ကွယ်သွားပြီး သူ့ဘေးက စုဝမ်ကို မျက်နှာသေနှင့်ကြည့်ကာ "ခင်ဗျား ကျွန်တော့ကို အသုံးချပြန်ပြီလား?"

"လုပ်မိလို့လား? အကယ်၍ မင်း ငါ့ကောင်လေးမလုပ်ချင်ဘူးဆိုရင်လည်း."

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now