အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.16 [U]

706 114 0
                                    

Meige ရဲ့ ဥက္ကဠ ဖန်းဇီမူက တစ်ကယ်ကြီး EVFA ဆောင်းဦးထုတ်ကုန်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လက်မှတ်ထိုးခဲ့တယ်!!

အဲ့သတင်းထွက်လာတာနှင့် ရှီအန်းမြို့ရဲ့ စီးပွားရေးအသိုင်းအဝိုင်းနှင့်အထက်လွှာတစ်ခုလုံး တုန်လှုပ်သွားခဲ့ကြသည်။ သိပ်မကြာခင်မှာပဲ ရှောင်းကျန်းမိုမွေးနေ့တုန်းက လူတွေခိုးရိုက်ထားတဲ့ပုံတစ်ချို့ကို နာမည်ကြီးမီဒီယာတစ်ခုက ချပြခဲ့တယ်။ အဲ့တာက ကျိန်းသေပေါက်ကို စုဝမ်နှင့်စုယွီတွဲကနေတဲ့ပုံတွေပင်။ သခင်လေးဖန်းနှင့် EVFA ဥက္ကဠစုဝမ်တို့ရဲ့ ချစ်မှုရေးရာသတင်းက ရှီအန်းတစ်မြို့လုံး လျှင်မြန်စွာပြန့်နှံ့သွားခဲ့သည်။

အဲ့အချိန် စုယွီကတော့ စာချုပ်ထဲကအတိုင်း နောက်ဆုံးပေါ်ထုတ်ကုန်အတွက် ဓာတ်ပုံရိုက်ကူးမှုမှာ ပြီးဆုံးသွားခဲ့သည်။ စုယွီရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက အမိုက်စားမလို့ အစမ်းဓာတ်ပုံတွေကပင် သာလွန်ထူးကဲနေ၏။ စုဝမ်က ထိုပုံတွေကို ရုံးချုပ်ဆီပို့လိုက်တော့လည်း ရုံးချုပ်ဘက်မှ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ချီးကျူးတာတွေလုပ်လာသည်။

မကြာခင်မှာပဲ ရှီအန်းမြို့ရဲ့ EVFA ဆိုင်ကောင်တာတွေမှာ ပြောရေးဆိုခွင့်ရှိသူအသစ်ရဲ့ပုံတွေ နေရာယူသွားခဲ့သည်။ ဖန်းဇီမူက ရှီအန်းမြို့ရဲ့မင်းသားလေးဖြစ်နေတော့ ဆိုင်းဘုတ်တွေမှာ ပုံအသစ်တွေပြောင်းလိုက်တဲ့နေ့မှာပဲ ဆိုင်ခွဲတိုင်းရဲ့ နောက်ဆုံးထုတ်ကုန်တွေက ကုန်သလောက်ပင်ဖြစ်သွားခဲ့၏။

ဒီအခွင့်အရေးကို အသုံးချပြီး EVFAက အသစ်ချပြလိုက်တဲ့ နောက်ဆုံးပေါ်ရာသီထုတ်ကုန်က လူတော်တော်များများဆီက အာရုံစိုက်ခံလိုက်ရတယ်။ ဒီဟာက ကြီးမားတဲ့အောင်မြင်မှုကြီးပင်။

စုဝမ် ရုံးကိုပြောင်းလာပြီးနောက်ပိုင်း ပထမဆုံးအောင်မြင်မှုဖြစ်တဲ့အပြင် ရလာဒ်ကလည်း ပြီးပြည့်စုံတာကြောင့် စုဝမ်က ဝန်ထမ်းတွေနှင့်ပွဲလုပ်ဖို့ ဟိုတယ်မှာ ငှားရမ်းခဲ့သည်။ ဒါပေါ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ စုယွီကလည်း ပါဝင်ဆင်နွှဲမှာပင်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now