ရင်းနှီးတဲ့အသံတစ်ခုက တံခါးရှေ့ကနေ ပြတ်တောင်းပြတ်တောင်းထွက်လာသည်။ တိတ်ဆိတ်နေတဲ့ညကြီးထဲမှာ အသံက စူးစူးရှရှကြီးဖြစ်နေသည်။
စုဝမ် အိပ်ယာထဲကနေ ကပျာကယာထလာပြီး slippers တောင် မစီးနိုင်ပဲ ဧည့်ခန်းဘက်ထွက်လာသည်။ သူမ အရမ်းအလျှင်လိုနေတာမလို့ ဧည့်ခန်းအလယ်ထဲက ဖန်သားစားပွဲနဲ့တောင် ဆောင့်မိသွားသည်။ ဒါပေမယ့် ခုချိန်မှာ စုဝမ် ဒါတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘူး။
သော့ဖွင့်နေတဲ့အချိန်မှာတောင် စုဝမ်လက်တွေက တုန်ရီနေသည်။ တံခါးနားမှာရပ်နေတဲ့ ရင်းနှီးတဲ့ပုံရိပ်ကိုတွေ့လိုက်ရတော့ သူမ ထိုလူရဲ့လက်မောင်းထဲကို ပြေးဝင်ဖို့ တွန့်ဆုတ်မနေတော့ဘူး။
"ဇီရွှမ်း.... ဇီရွှမ်း နင်လား?"
စုဝမ်အသံက တုန်ရီနေပြီး ထိတ်လန့်မှုတွေနဲ့ပြည့်နေကာ လက်သွယ်သွယ်လေးတစ်စုံက သူမရှေ့က ယောက်ျားလက်မောင်းတွေမှာ ချိတ်တွယ်သွားသည်။
"စုဝမ်"
ယီဇီရွှမ်းအသံက ဆို့နစ်နေပြီး "စုဝမ်... ကိုယ်ပါ... မင်း အဆင်ပြေရဲ့လား?"
"ငါ..."
ယီဇီရွှမ်းမေးတာကိုကြားတော့ စုဝမ်မျက်လုံးတွေနီရဲလာပြီး "ဇီရွှမ်း... ငါကြောက်တယ်... ငါ အရမ်းကြောက်တာပဲ... ဘာလုပ်ရမလဲ?? ငါ ဘာလုပ်သင့်လဲ?"
သူမခေါင်းလေးကို မော့ကြည့်လိုက်တော့ မျက်ရည်အပြည့်နဲ့မျက်လုံးက ကြောက်ရွှံ့မှုတွေနဲ့ပြည့်နေသည်။
"မကြောက်ပါနဲ့"
ယီဇီရွှမ်းအသံက စုဝမ်စိတ်တွေတည်ငြိမ်သွားစေမယ့် မှော်အစွမ်းပါနေသလားပဲ။
"အိမ်မှာ မင်းတစ်ယောက်ထဲလား?"
ယီဇီရွှမ်းက ခပ်မှိန်မှိန်ဧည့်ခန်းကိုကြည့်လိုက်သည်။ သူ နေ့တစ်ဝက်လောက်ကြာအောင် တံခါးခေါက်နေပေမယ့် စုဝမ်တစ်ယောက်ပဲ ပြေးထွက်လာသည်။ ကြည့်ရတာ သူမမိဘတွေ ညဂျူတီသွားတယ်ထင်တယ်။
"အင်း..."
စုဝမ်က ပြန်ဖြေလိုက်သည်။ ပြီးမှ သူမ တစ်စုံတစ်ခုကို တွေးမိသလိုနဲ့ ယီဇီရွှမ်းပွေ့ဖက်မှုကြားထဲမှ ထွက်ကာ
YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest