Arc - 1.15 [U] (end)

1.8K 270 14
                                    

တော်ဝင်အမဲလိုက်ကွင်းထဲက ငိုယိုအော်ဟစ်သံတွေက တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ လောင်ကျွမ်းနေတဲ့မီးကတော့ တဖြည်းဖြည်းကြီးလာခဲ့သည်မှာ တော်ဝင်နန်းတော်ကြီးတစ်ခုလုံးကို ဝါးမြိုတော့မတတ်ပင်။

ခန်းမကျယ်ထဲ၌ ရွှမ်ယွမ်ချင်းက တော်ဝင်ပလ္လင်ဆီသို့ တလှမ်းချင်းစီ အေးဆေးသက်သာစွာ လှမ်းလျှောက်သွားသည်။ စုဝမ်ဘေးက ဖြတ်သွားချိန်တွင်မူ ခဏလောက် ရပ်တန့်သွားပြီးနောက် အပြုံးနှင့် ဆက်လျှောက်သွားသည်။

ပုလ္လင်ပေါ်မှာထိုင်နေတဲ့ ဧကရာဇ်က ဘယ်တုန်းကမှ ချစ်မြတ်နိုးချင်းမခံရတဲ့ သားတော်ငါးကို နက်ရှိုင်းစွာကြည့်နေသည်။ အချိန်အကြာကြီးတိတ်ဆိတ်နေပြီးနောက်မှာတော့ သူက ဖြည်းဖြည်းချင်းစီ စပြောတော့သည် “ဒီနေရာအတွက်နဲ့များ မင်းရဲ့ခမည်းတော်ဧကရာဇ်ကို မင်းက သတ်ပစ်မလို့လား?”

“ခမည်းတော် ဧကရာဇ်??”

ရွှမ်ယွမ်ချင်းရဲ့ ခြေလှမ်းတွေက ခဏရပ်တန့်သွားပြီး ရွှမ်ယွမ်ပေါ(ဧကရာဇ်)ကို လှောင်ပြုံးပြုံးလျက် “ခင်ဗျားတောင် ကျုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကွပ်မျက်နိုင်သေးတာပဲ ကျုပ်က ဘာလို့ ခင်ဗျားကို မသတ်နိုင်ရမှာလဲ? ခင်ဗျား ကျုပ်ကို သတ်တုန်းကရော အဖေနဲ့သားဆိုတဲ့ ဆက်ဆံရေးကို ဂရုစိုက်ခဲ့လို့လား?”

ရွှမ်ယွမ်ပေါက ဘာစကားမှဆက်မပြောတော့ပဲ ရွှမ်ယွမ်ချင်းကိုပဲ နက်ရှိုင်းစွာကြည့်နေသည်။ လက်ရှိ သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ယောက်က သူ့ကို လာကယ်ပေးဖို့ ဆုတောင်းနေမိသည်။ ဒါ့အပြင် နန်းတော်ပြင်ပမှာလည်း သူ့ကို ကာကွယ်ပေးနိုင်တဲ့ စစ်သည်တွေအများကြီးရှိနေသေးတာပဲ။ ရွှမ်ယွမ်ချင်းတစ်ယောက်ထဲအားနဲ့ သတင်းတစ်ချက်မှမထွက်၊ သံသယအဝင်မခံရပဲ နန်းတော်တစ်ခုလုံးကို ပြိုလဲကျစေနိုင်မယ်လို့ ရွှမ်ယွမ်ပေါ မထင်ချေ။

“ခမည်း‌တော် ဧကရာဇ်…. ဘာလို့များ စကားထပ်မပြောရတော့တာလဲ?? ဘာကိုများ စောင့်နေတာပါလိမ့်?? ခင်ဗျားရဲ့ ကာကွယ်ရေးတပ်သားတွေလား?? တော်ဝင်ကိုယ်ရံတော်တွေကိုလား??”

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now