အစားထိုးခံနှလုံးသည်းပွတ်လေး Arc - 3.17 [U]

1.1K 139 10
                                    

ဖန်းဇီဝမ်မောင်းလာတဲ့ကားက ဟိုတယ်နားကိုရောက်လာတော့ သူမအကိုကြီးက စုဝမ်လက်ကို ကိုင်ဆွဲထားတာကို တွေ့လိုက်ရသည်။ သူမအကိုကြီးအမူအယာက ဘယ်လိုတွေဖြစ်နေလဲဆိုတာတော့ သေချာမမြင်ရပေမယ့် စုဝမ်ကတော့ စိတ်မရှည်တော့တဲ့ပုံပင်။

သတင်းစာတွေ၊ အင်တာနက်ပေါ်က သူမအကိုကြီးနှင့်စုဝမ်အကြောင်းအရာတွေကို ပြန်တွေးမိတော့ ဖန်းဇီဝမ် နည်းနည်းတွန့်ဆုတ်သွားပေမယ့်လည်း နောက်ဆုံးတော့ သူမကားကို ဟိုတယ်ဝင်ပေါက်စီ မောင်းလာခဲ့လိုက်သည်။

ကားပေါ်ကဆင်းလိုက်တာနှင့် လေအေးတစ်သုတ်က သူမမျက်နှာကို ဖြတ်တိုက်သွားသည်။

ဖန်းဇီဝမ်က ဒူးတောင်မဖုံးတဲ့ စကပ်ဝတ်ထားပြီး ဒီလိုပုံစံက သူမဝတ်နေကျမလို့ တော်သေးတယ်လို့ပင်ပြောရမည်။ မဟုတ်ရင် သူမအေးခဲသွားနိုင်တယ်။

"မင်းအကို မူးနေပြီ.. သူ့ကို မင်းပဲ အိမ်ပြန်ပို့လိုက်တော့"

စုဝမ်က ဖန်းဇီဝမ်ရောက်လာတာကို တွေ့တာနှင့် စုယွီဖက်ထားတာကနေ အတင်းရုန်းထွက်လိုက်သည်။ ယိမ်းယိုင်နေတဲ့ သူ့ကိုယ်ကြီးကိုတော့ ဖန်းဇီဝမ်ဘက် တွန်းလိုက်၏။

အချင်းချင်းဂရုစိုက်ပေးမယ့်အစား မိသားစုဝင်ကိုရှာပြီး ပြန်ပို့ခံလိုက်ရတဲ့ခံစားချက်က စုယွီကို အနည်းငယ် စိတ်လေးသွားစေသည်။

"စုဝမ်..... ရှောင်းဝမ်....."

သူ့လက်ကိုမြှောက်ပြီး လေထဲကို လှမ်းဆွဲလိုက်ပေမယ့်လည်း စုဝမ်လက်အဖျားလေးကိုသာ ဖမ်းမိသည်။

"မင်း မူးနေပြီ.. အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်"

စုဝမ်က သူမလက်ကို ပြန်ဆွဲယူလိုက်ပြီးနောက် ဖန်းဇီဝမ်ကို ယဉ်ကျေးတဲ့အပြုံးလေး ပြုံးပြပြီး "အိမ်ပြန်ပြီး သူ့အတွက် အမူးပြေဟင်းရည်ချက်ပေးဖို့လည်း မမေ့နဲ့နော်။ အဲ့တာဆို ငါအရင်ပြန်ပြီ"

အမ်?

ဖန်းဇီဝမ်ကတော့ ကြောင်အပြီးကျန်ခဲ့သည်။ ဒါပေမယ့်လည်း သူမ ဘာမှပြန်မပြောရသေးခင်မှာပဲ စုဝမ်က လှည့်ထွက်သွားကာ သူမကားပေါ်တက်ပြီး မောင်းထွက်သွားတော့သည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now