Arc - 1.13 [U]

1.4K 213 7
                                    

စုဝမ်မှတ်ဉာဏ်ထဲမှာဆို စုယွီက အမြဲ မှုန်မှိုင်း၊ အထိန်းအကွပ်မဲ့ပြီး ကိုယ့်ကိုယ်ကိုပဲကြည့်တဲ့လူတစ်ယောက်ဖြစ်သည်။ ပုံမှန်အားဖြင့် သူ ဒီလို စိတ်လွတ်သွားတဲ့အချိန်မျိုးဆို ကျိုးကြောင်းမသင့်လျော်ပဲ အရှက်မဲ့ ပြဿနာရှာတတ်တဲ့သူတစ်ယောက်ဖြစ်သွားရမှာကို အဲ့အစား အထိတ်တလန့်ဖြစ်သွားတာကို တွေ့ရတာ ပထမဆုံးပင်။

"ငါပြောတာက.... ငါလက်ထပ်မယ့်လူက နင်ဖြစ်နေရင်ရော??"

စုဝမ်က ပြောပြီးတာနဲ့ စုယွီရဲ့အဖြေကို စောင့်နေလိုက်သည်။ လွှမ်းမိုးလိုတဲ့ပုံစံနဲ့ အထက်စီးဆန်ဆန်များတုံ့ပြန်မလား?? ဒါမှမဟုတ် အရူးတစ်ယောက်လို မနှစ်မြို့ဖွယ် အပြုံးတစ်ခုများဖြစ်နေမလား?? မိသားစုစည်းမျဉ်း‌တွေကို ချိုးဖောက်လိုက်မှာလား?? စုဝမ်ကို ကြည့်လိုက်ရင် ဘာအမူအရာမှ မပြပေမယ့် သူမစိတ်ထဲမှာတော့ အကြီးအကျယ် မျှော်လင့်နေသည်။ စုယွီကတော့ ကြောက်စရာနဲ့ တွေ့လိုက်ရတဲ့ တိရိစ္ဆာန်လေးလို ရုတ်တရက်ကြီး သူရဲ့လက်သည်းတွေ ပြန်သိမ်းသွားပြီး တိတ်ဆိတ်စွာပဲ ပြန်ထွက်သွားသည်။

ဘာကြီးတုန်းဟ??

စုဝမ်ကတော့ သခင်လေးစုအတွက် လောကအမြင်အသစ် ဖွင့်ပေးလိုက်တာကို သတိမပြုမိပဲ ကြောင်အလျက် ကျန်ခဲ့သည်။

ကြည့်ရတာ ငါက မမကို ကာကွယ်နိုင်ရုံတင်မကဘူး.... လက်ထပ်လို့ပါရတာလား??

သခင်လေးစုအလေးအနက် စဉ်းစားနေတာကတော့ 'ဒီလောက်နှစ်တွေအကြာကြီးတောင် ဘာလို့ ဘယ်သူမှ ဒီလိုလာမပြောရတာလဲ??'

ဒီညတော့ စုယွီက တစ်ညလုံးအိပ်မပျော်ပဲ အိပ်ယာထဲမှာ အကြိမ်ကြိမ် လူးလှိမ့်ရင်း စုဝမ်ပြောခဲ့တာကိုသာ တွေးနေမိသည်။ သူ ရူးသွပ်သွားမလိုတောင် ခံစားနေရသည်။

တစ်ညလုံး အင်္ကျီမလဲ၊ ရေမချိုးပဲ သွေးစွန်းညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ပဲ အခန်းထဲက တစ်ရှိန်ထိုး ပြေးထွက်သွားသည်။

အကယ်၍များ စုအိမ်တော်ကလူတွေကို 'မင်း နေ့တိုင်းကြောက်နေရတာ ဘာလဲ' ဆိုတာ မေးကြည့်ပါက သူတို့က တွန့်ဆုတ်မနေပဲ ပြန်ပြောလိုက်မယ် 'နေ့တိုင်း ငါတို့တွေ မျက်လုံးဖွင့်လိုက်တာနဲ့ လေးလေးနက်နက်ဆုတောင်းနေမိတာက သခင်လေးစုနဲ့ ထိပ်တိုက်မတွေ့ရဖို့ပဲ.... သခင်လေးက အမြဲ ဘေးပတ်ဝန်းကျင်ကို ဖိအားတွေပဲ ဖြစ်စေရုံပဲမဟုတ်ဘူး မကောင်းတဲ့အငွေ့အသက်တွေပါ ပေးတယ်'

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now