Arc - 1.1 [U]

3.3K 260 5
                                    

အခုချိန်က ကြီးမြတ်တဲ့ရှအင်ပါယာဖြစ်သည်။ တိုင်းပြည်က ချမ်းသာကြွယ်ဝပြီး တိုင်းသူပြည်သားတွေကလည်း ပျော်ရွှင်စွာနေထိုင်လျက်ရှိကြသည်။ လက်ရှိအုပ်ချုပ်တဲ့ဧကရာဇ်က ရွှမ်ယွမ်ပေါဖြစ်ပြီး၊ ရိုးသားဖြောင့်မတ်တယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ကျော်ကြား၏။ မင်းသားတချို့ကလည်း အရွယ်ရောက်လာကြပြီး တိုင်းပြည်တာဝန်အသီးသီးထန်းးဆောင်ကြကာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အရည်အချင်းတွေ အပြိုင်အဆိုင်ထုတ်ပြနေချိန်ဖြစ်သည်။ ဒီကမ္ဘာရဲ့ဇာတ်လိုက်ကတော့ ဆိုးရွားတဲ့စိတ်နေစိတ်ထားနဲ့မွေးဖွားလာတဲ့အပြင် ဧကရာဇ်ရဲ့နှစ်သက်ခြင်းမခံရတဲ့ ငါးယောက်မြောက်မင်းသားပဲဖြစ်သည်။ သူရဲ့အမေက နန်းတွင်းအစေခံအဆင့်ပဲရှိပြီး ဧကရာဇ်ရဲ့မျက်နှာသာပေးခြင်းမခံရတဲ့အပြင် ဧကရီရဲ့အမြင်မကြည်မှုတို့ကိုပဲ ရရှိခဲ့သည်။ ဒီအကြောင်းအရင်းတွေကြောင့်ပဲ အသက်ဆယ့်ခြောက်နှစ်မှာတော့ မင်းသားငါးက နန်းတော်ပြင်ပပြောင်းရွှေ့ခဲ့ပြီး၊ သူ့ခမည်းတော်ချီးမြှင့်ခဲ့တဲ့ ချင်ဝမ်အိမ်တော် မှာနေထိုင်ခဲ့သည်။ နှစ်နှစ်ကြာပြီး သူလက်ဆက်သင့်တဲ့အချိန်ရောက်လာတော့လည်း ဘယ်အိမ်တော်ကမှ သူတို့ရဲ့သမီးတွေကို စိတ်နေသဘောထားဆိုးရွားပြီး၊ ကိုယ်ခန္ဓာချို့ယွင်းနေတဲ့ သူနှင့် မပေးစားချင်ကြဘူး။ ထိုနှစ် ၈ လပိုင်းလောက်မှာပဲ မင်းသားငါးက အရမ်းပြင်းထန်တဲ့အဖျားရောဂါဖြစ်ခဲ့သည်။ မကောင်းတဲ့ကံအညံ့တွေကို ဖယ်ရှားဖို့ တိုင်းပြည်ရဲ့ပရောဟိတ်တွေက မင်းသားငါးနဲ့ *ပါ့ကျီတူညီတဲ့သူနှင့်လက်ဆက်ရမယ်လို့ ကြေညာခဲ့တယ်။

ကံမကောင်းတာက မင်းသားငါးနဲ့ ပါ့ကျီတူတဲ့သူက ဝန်ကြီးချုပ်သမီးဖြစ်နေသည်။

ဝန်ကြီးချုပ်ရဲ့သမီးနာမည်က ယဲ့ကျီဟွာဖြစ်ပြီး၊ သူမနာမည်အတိုင်းပဲ လှပမှုရော အရည်အချင်းနဲ့ပါပြည့်စုံတဲ့ အလှလေးဖြစ်သည်။ သူမက လက်ရှိ ၁၅ နှစ်ပဲရှိသေးပြီး၊ အရာရှိတော်တော်များများရဲ့ကလေးတွေက သူမအိမ်တော်တံခါးရှေ့မှာ လက်ဆက်ခွင့်ရဖို့စောင့်ဆိုင်းနေကြသည်။

မင်းသားငါးနဲ့ ပါ့ကျီတူတဲ့သူက သူ့သမီးဆိုတာ ဝန်ကြီးချုပ်ရှာတွေ့သွားချိန်မှာတော့ အလွန်စိတ်ညစ်သွားခဲ့သည်။ ဒါပေမယ့်လည်း ယဲ့ကျီဟွာက အရမ်းပါးနပ်လွန်းတော့ သူမက သူမရဲ့ပါ့ကျီက မင်းသားငါးနဲ့တူညီနေတာကို ဧကရာဇ်ရော မင်းသားငါးရော မသိသေးတာကို အခွင့်ကောင်းယူပြီး အစီအစဉ်ရေးဆွဲတော့သည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now