စုဝမ် သူမနေတဲ့တိုက်ခန်းဘက်ပြန်ရောက်တော့ ရင်းနှီးနေတဲ့ကားကို မြင်လိုက်ရတယ်။
စုယွီက ကားကိုမှီထားပြီး သူ့ရဲ့ရှည်လျားတဲ့ခြေထောက်ကြီးကို အာဏာရှင်ဆန်ဆန်ချိတ်ထားလိုက်သေးသည်။ သူ့အပေါ်ပိုင်းတစ်ခုလုံးကိုတော့ ကားပေါ်အပြည့်အဝမှီကာထားသည်။ စုဝမ်ပုံရိပ်လေးကို မြင်တာနဲ့ သူ့ကိုယ်က အနည်းငယ်ရွေ့လျားသွားသည်။ နက်မှောင်ပြီးကျဉ်းမြောင်းတဲ့မျက်လုံးအစုံကတော့ စုဝမ်ကိုပဲစိုက်ကြည့်နေသည်။
အဆုံးစမဲ့နက်ရှိုင်းတဲ့မျက်လုံးတွေက သန်မာမှုတွေနဲ့အန္တရာယ်ရှိမှုအနည်းငယ်ကို သိုလှောင်ထားသည်။
ဒီညမှာ စုယွီက အမဲရောင် *trench coat ကိုဝတ်ဆင်ထားပြီး နက်မှောင်နေတဲ့အရောင်က သူ့ကိုပိုပြီးအေးစက်၊ စူးရှစေသည်။
စုယွီအကြည့်အောက်မှာပဲ စုဝမ်က စုယွီစီလျှောက်သွားကာ "ငါ့ကို စောင့်နေတာလား?"
သူမမျက်ခုံးတွေကိုပင့်လိုက်ပြီး သူမအသံကလည်း အရင်ကလိုပဲ တည်ငြိမ်နေဆဲပင်။
"ဒီနေ့ ရှောင်းကျန်းမိုကို တွေ့လာတာလား?"
စုယွီက စုဝမ်အမေးကိုမဖြေပဲ အဲ့အစား မဲမှောင်နေတဲ့မျက်နှာကြီးနဲ့ ပြန်မေးလာသည်။
"ငါ့ကို လူလွှတ်စောင့်ကြည့်ခိုင်းထားတာလား?"
သူမေးတာကြားပြီး စုဝမ်က သူမရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးအစုံကို တွန့်ချိုးလိုက်သည်။ အပြုံးလို့ခေါ်လို့မရတဲ့ အပြုံးတစ်ခုတပ်ဆင်ရင်း သူမရှေ့က စုယွီကိုကြည့်ကာ "လူတွေကို တစ်ကယ်စိတ်ညစ်စေတာပဲ။ မင်း ငါ့ကိုချစ်နေတာတော့မဟုတ်ဘူးမလား?"
"ကျွန်တော် ခင်ဗျားကိုချစ်တာမဟုတ်ဘူး"
စုယွီကိုယ်ကို အရှေ့ကိုအနည်းငယ်ယိုင်လာပြီး စုဝမ်မျက်နှာနားကပ်လာသည်။ သူ့မျက်နှာကို ငုံ့လိုက်ပြီး စုဝမ်ကိုကြည့်ကာ "ခင်ဗျားအကြောင်း.... ခင်ဗျားအပေါ်မှာ နေဖို့အကြောင်းအမြဲတွေးနေတာ"
သူမရဲ့ရုတ်တရက်ထွက်ခွာသွားမှုကနေအစပြုပြီး ကမ္ဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရသည်။ တောင်လိုပုံနေတဲ့အလောင်းတွေ၊ သွေးပင်လယ်တွေထဲ လျှောက်လှမ်းနေခဲ့ရပြီး သူ့နှလုံးသားတစ်ခုလုံးလောင်ကျွမ်းသွားကာ ထုံထိုင်းသွားပြီလို့တောင် ထင်ခဲ့သည်။
[T.N: Arc 1 စုဝမ်ထွက်သွားပြီးနောက်မှာဖြစ်ခဲ့တာပါ ಥ_ಥ]
YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest