Arc - 1.12 [U]

1.5K 243 9
                                    

စုဝမ်က ခွက်ကို ကမ်းပေးလိုက်ချိန်မှာပဲ ခန်းမကြီးတစ်ခုလုံး တစ်ဖန်ပြန်တိတ်သွားသည်။ ဧည့်သည်တွေအကုန်လုံးကလည်း ထိုင်ခုံက လူကို မသေချာတဲ့အကြည့်၊ အံ့ဩတဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်။

အခုမှပဲ အကုန်လုံးက နားလည်သွားကြတော့တယ်။ စုအိမ်တော်ရဲ့ ဒီပွဲရည်ရွယ်ချက်က အကုန်လုံးကို ထပ်ပြီး ကောလဟာလတွေမလွှင့်စေဖို့ ရည်ရွယ်ထားတာပဲ။ သူတို့က အိမ်တော်ရဲ့ သမက်လောင်းကိုတောင် ရွေးချယ်ပြီးထားကြပြီ။

ရွှမ်ယွမ်ရုက သူ့လက်ထဲက ဝိုင်ခွက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားမိသည်။ သူ့အားတွေကို ထိန်းချုပ်ထားတာတောင်မှ ခွက်မှာ အက်ရာတွေက ပေါ်လာပြီး ဝိုင်တွေက သူ့လက်တစ်လျှောက် စီးကျလာသည်။

ဘာလို့ အဲ့လူဖြစ်နေရတာလဲ??

ဘာကြောင့်များ အဲ့လူကိုရွေးချယ်ရတာလဲ??

ရွှမ်ယွမ်ရုက လက်မခံနိုင်သလို ခံစားနေရပြီး တစ်ခြားဧည့်သည်တွေကတော့ ဘယ်လိုအမူအရာ ဖော်ပြရမလဲမသိ ဖြစ်နေသည်။

"တော်ဝင်သမားတော်စီ...."

စုဝမ်က အရှေ့မှာရပ်နေပြီး တော်ဝင်သမားတော်စီကို နူးနူးညံ့ညံ့ကြည့်လိုက်ရင်း "ကျွန်မ ရှင့်ကို အမြဲလေးစားနေရတာပါ"

သူမက ခုနက သူမပြောခဲ့တဲ့စကားကိုပဲ ပြန်ပြောလိုက်တော့ တော်ဝင်သမားတော်စီ အ‌‌‌တွေးထဲက နိုးထလာခဲ့သည်။ တော်ဝင်သမားတော်စီက စိတ်လှုပ်ရှားစွာနဲ့ ထရပ်လိုက်ပြီး စုဝမ်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်ကာ "မင်း... မင်းသမီးလေး"

စကားတွေထစ်သွားရတဲ့အထိ စိတ်လှုပ်ရှားသွားတဲ့ သမားတော်စီကို ကြည့်ပြီး စုဝမ်နှုတ်ခမ်းစွန်းလေးတွေ ကော့တက်လာကာ "သမားတော်စီသာ မရှိရင် ဒီနေ့ကျွန်မဆိုတာ ရှိလာမှာမဟုတ်ဘူး"

တဲ့တိုးဆန်တဲ့ ဝန်ခံမှုက သမားတော်စီကို လည်ပင်းတွေနီရဲတဲ့အထိပါ ဖြစ်စေသည်။ နူးညံ့တဲ့မျက်လုံးတစ်စုံမှာလည်း စိတ်လှုပ်ရှားမှုတွေက တောက်ပနေသည်။

"ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ"

သမားတော်စီက စုဝမ်ကမ်းပေးတဲ့ ဝိုင်ခွက်ကို ယူလိုက်ပြီး အဲ့ခဏလေးမှာ စုဝမ်အတွက် သူလုပ်ပေးခဲ့သမျှက ထိုက်တန်တယ်လို့ ခံစားလိုက်ရသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now