Arc - 2.11 [U]

894 159 0
                                    

သေးငယ်ကျဉ်းမြောင်းတဲ့ဧည့်ခန်းလေးထဲမှာ စိတ်ဝင်စားဖွယ်တီဗီအစီအစဉ်တစ်ခု ဖွင့်ထားလျက်ရှိသည်။ အသံက အရမ်းမကျယ်ပေမယ့်လည်း တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ရှင်းလင်းစွာကြားနေရသည်။

စုဝမ်က သူမရဲ့ညအိပ်ဝတ်စုံကနေ သက်တောင့်သက်သာရှိတဲ့ အားကစားဝတ်စုံကို လဲထားပြီးဖြစ်သည်။ သူမက ဆိုဖာတစ်ဖက်ခြမ်းမှာထိုင်လျက်ရှိနေပြီး ယီဇီရွှမ်းက တစ်ခြားတစ်ဖက်ခြမ်းမှာထိုင်နေသည်။ ပုံမှန်နေ့တွေလိုပဲ သူက ရိုးရိုးရှပ်အင်္ကျီနဲ့ အပြာရောင်ဂျင်းကိုဝတ်ထားသည်။

ဟိုးအရင်တုန်းကတော့ စုဝမ်က ယီဇီရွှမ်း ဒီလောက်ကြည့်ကောင်းပြီးနှစ်လိုဖွယ်ကောင်းတယ်ဆိုတာ မခံစားမိခဲ့ဘူး။ သူမတို့ပြတ်ပြီး အချိန်ခဏလေးအတွင်းမှာပဲ သူက သာမန်ထက်ပိုလာတယ်ဆိုပေမယ့် သူမကတော့ ဒီလိုတည်ကြည်ပြီးငြိမ်သက်နေတတ်တဲ့ ယီဇီရွှမ်းကိုပိုကြိုက်သည်။

သူ့အရည်အချင်းတွေကို ထုတ်ပြနေတတ်တာကို သူမ မကြိုက်ဘူး.... ဒါက သူမမှတ်ဉာဏ်ထဲက လူနဲ့မတူပေ။

"မင်း ဘာလို့သွားပြန်မအိပ်တာလဲ.... ကိုယ် မင်းကို ကူစောင့်ပေးပါ့မယ်"

ဒီဟာက အိမ်မက်ကမ္ဘာဆိုတာ သူသိတာမလို့ စုဝမ်မိဘတွေ ပြန်ရောက်မလာဘူးဆိုတာ ယီဇီရွှမ်း အခိုင်အမာယုံကြည်နေပြီး ဒီညကလည်း အထူးအန္တရာယ်များလောက်သည်။

ဒါကြောင့်မလို့ သူက စောင့်နေဖို့ပဲဆုံးဖြတ်ထားသည်။ စုဝမ်ကသာ သူ့ကိုအဖော်ပြုပေးနေရင်း ပင်ပန်းတဲ့အမူအယာဖြစ်နေပြီ။ သူခဏလောက်စဉ်းစားလိုက်ပြီးနောက် သူမကိုအနားယူဖို့ပြောလိုက်သည်။

ပြီးတော့ စုဝမ်အင်အားက အကန့်အသတ်နဲ့ပဲရှိတာမလို့ တိုက်ခိုက်ရင်လည်း သူမမှာ ဘာအားသာချက်မှရှိမှာမဟုတ်ဘူး။ ယုံကြည်ရတဲ့ အဖွဲ့သားဆိုတာကလွဲရင် သူမက ဘာမှအသုံးမဝင်ဘူး။

ယီဇီရွှမ်းပြောတာကြားပြီးနောက် ဆိုဖာပေါ်မှာထိုင်နေတဲ့စုဝမ်လည်း သူမမျက်လုံးတွေကို ပွတ်လိုက်ပြီး "ရပါတယ်... ငါစောင့်နိုင်တာမလို့... စိတ်ထဲမထားနဲ့"

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now