Arc - 2.19 [U]

728 106 2
                                    

အထက်တန်းကျကျပြင်ဆင်ထားတဲ့သီးသန့်အခန်းထဲမှာ စုဝမ်နှင့်ဖန်ရှုကျင်းက တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြသည်။ အဆုံးမှာတော့ စုဝမ်ကပဲ လူနှစ်ယောက်ကြားက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တယ် "နင့် ဒဏ်ရာကို ငါကြည့်ပေးရမလား?"

သူမအကြည့်တွေက ဖန်ရှုကျင်းကိုယ်ပေါ်က ဒဏ်ရာပေါ်ရောက်သွားတော့ သူ့ဒဏ်ရာက နည်းနည်းတော့ပြင်းသည်။

"မလိုပါဘူး"

ဖန်ရှုကျင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ထိုင်ခုံမှာထိုင်ချလိုက်ကာ "ငါ... ငါ ချန်ယုဖုန်းကို သတ်လိုက်တာမလို့ ဒဏ်ရာတွေ ခဏအတွင်းပြန်ကောင်းနိုင်တဲ့စွမ်းရည်ရထားတယ်"

လမ်းပေါ်မှာ ချန်ယုဖုန်းနဲ့တွေ့တုန်းက သူ့ခန္ဓာကိုယ်အခြေအနေက ဒီလောက်ပြန်မကောင်းသေးဘူး။ နှစ်ယောက်တွေ့ပြီးနောက်မှာတော့ ဖန်ရှုကျင်းက ချန်ယုဖုန်းကိုသတ်လိုက်သည်။

ချန်ယုဖုန်း ဘာမှမကျန်အောင် မပျောက်သွားခင်လေးမှာပဲ သူက ချီမုသတ်တာခံလိုက်ရကြောင်းနှင့် ချီမုက သရဲဆိုတာ ဖန်ရှုကျင်းကို ပြောပြသွားခဲ့သည်။

အဲ့အချိန် ချီမုနဲ့စုဝမ်အတူရှိနေတာကို ဖန်ရှုကျင်း ပြန်စဉ်းစားမိသွားသည်။ သူ့မှာအများကြီးတောင် မတွေးနိုင်တော့ပဲ သူ့မှတ်ဉာဏ်ထဲကအတိုင်း သူတို့နောက်ကို လိုက်သွားလိုက်သည်။ ရလာဒ်အနေနဲ့ ချီမုကားကို ဆိုင်တံခါးနားမှာ တွေ့လိုက်ရတာပဲ။

အရာအားလုံးက လျှင်မြန်စွာပဲဖြစ်ပျက်သွားခဲ့သည်။ ဖန်ရှုကျင်းစဝင်လာတာကစလို့ စုဝမ် ချီမုကို သတ်လိုက်တဲ့အချိန်အထိ။ အခုချိန်ထိဖြစ်ပျက်ခဲ့သမျှထဲမှာ ဖန်ရှုကျင်း သေချာမရှင်းလင်းတဲ့အချက်တွေရှိနေသေးသည်။

ဖန်ရှုကျင်းအတွေးထဲမြောနေတာမြင်တော့ စုဝမ်ဘာမှဆက်မပြောတော့ဘူး။ သူမ ဖန်ရှုကျင်းဆီကိုပဲ တိုက်ရိုက်လျှောက်သွားကာ လက်ကိုမြှောက်လိုက်ပြီး သူမလက်ချောင်းတွေနဲ့အသံလုပ်လိုက်သည်။ (T.N: I think လက်ဖြောက်တီးတာ) ဖန်ရှုကျင်းဒဏ်ရာက မျက်စိရှေ့မှာတင် ဘာမှမကျန်အောင် ပျောက်သွားသည်။ သူ့အင်္ကျီပေါ်က သွေးတွေတောင် အစအနမကျန်အောင် ပျောက်သွားတာ။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now