အခန်း65

Start from the beginning
                                    

ဟုတ်တယ် သူတို့က ဇာတ်ညွှန်း အကြမ်းဖျင်း ပုံစံမျိုးတောင်မှ ရေးထားကြသေးတယ်
ထိုပါရမီရှင်က အပြုံးနဲ့ပြောသည်။

ဘုရားရေ မင်း ဘယ်နေရာကများ ရောက်လာတာများလဲ

ဝူတောင်းကောင်း

လူတိုင်းရဲ့အမူအရာတွေက အလွန်အမင်း လေးစားတဲ့အမူအရာကို ပြောင်းသွားပေသည်။
ဝူတောင်းကောင်းရဲ့ ပါရမီရှင်က ကျန်တဲ့သူတွေနဲ့ အမှန်တကယ် ကွဲပြားခြားနားပေသည်။
သူက နှစ်စဉ် နိုင်ငံအဆင့် ပထမဆုကို သုံးကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ သူဖြစ်သည်။

ဘယ်လောက် အံ့သြစရာ ကောင်းလိုက်လဲ။
ဒီကောင် ဒီတစ်ခေါက်လာတာက အဆင့်မြင့် ပညာရေး ဖလားရဖို့ မဟုတ္ဘူးလား။

ဝူတောင်းကောင်းတက္ကသိုလ်က နိုင်ငံတကာ သင်္ချာ စွမ်းရည် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေမယ့် သေချာပေါက် အတွင်းပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေ ရှိနေခဲ့လို့ လက်ရှိနေရာကို ရောက်လာခဲ့တာ ဖြစ်လောက်ပေသည်။

ထိုနားတွင် ထိုင်နေတဲ့ လုကျိုးရဲ့မျက်နှာက အနည်းငယ် အံ့အားသင့်ပုံ ပြောင်းသွားခဲ့သည်။
အဲ့ဒါ အမွန္လား။

ကျွမ်းကျင် ပညာရှင် အင်တာဗျူးဆိုတာက ပရယ်စန်တေးရှင်းလုပ်တာနဲ့ တူတယ္လို့ သူထင်ခဲ့တာ ဖြစ်သည်။ အခုလိုမျိုး မျက်နှာလာပြရုံပဲ ဖြစ်လောက်မယ်လို့ မထင်ထားမိခဲ့ပေ။ သူ သုံးရက္လုံးလုံး သူ့ရဲ့ ပါဝါပွိုင့်ကို သေချာ အစီအစဉ်တကျ ဖြစ်အောင် အပင်ပန်းခံလုပ်ခဲ့ရပေမယ့် ဘယ္သူကမွ အမှန်တကယ် ဂရုစိုက်ပုံမရပေ။

လုကျိုး ရယ်ရမလား၊ ငိုရမလားပင် မသိတော့။
သူ ဒီနေရာကို လာပြီး မျက်နှာပြရုံသာ ဖြစ်မယ်ဆိုပါက တစ်ခုခုတော့ ရဖို့လိုအပ်တာပေါ့။ မဟုတ္ဘူးလား။

မည်သို့ပင်ဆိုစေ တိုင်းပြည်တွင်းက ပါရမီရှင်တွေက ဒီနေရာမှာ စုစည်းနေကြသည်။ ဒီအဆင့်က လူတွေနဲ့ သူ ရင်းနှီးကျွမ်းဝင်နေမယ်ဆိုရင် အနာဂတ်လုပ်ငန်းခွင်ဝင်တဲ့အခါ အကူအညီ ဖြစ်လောက်ပေသည်။ သို့ရာတွင် သီအိုရီအရသာဖြစ်ကာ တကယ့် ဘဝမှာတော့ ဒါက အသုံးဝင်၊ မဝင်မသိနိုင်ပေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now