အခန်း45

Start from the beginning
                                    

သူတို့အဖွဲ့ထိုင်လိုက်တာနဲ့ စားပြဲထိုးက လီမွန်ဖန်ခွက်လေးတွေကို ယူဆောင်လာပေးကာ သူတို့ရှေ့တွင် မီနူးနဲ့အတူချပေးသည်။ အမျိုးသမီးယန်က မီနူးကို လှန်လှောကြည့်နေလေရင်း ညင်သာတဲ့အပြုံးတစ်ခုနဲ့ ဆိုလာ၏။

ဒီစားသောက်ဆိုင်က တော်တော်လေး ကောင်းမွန်လွန်းတယ် တိတ်လည်းတိတ်ဆိတ်သလို မြို့နဲ့လည်းဝေးတော့ ဆူညံသံတွေမရှိဘူး။ ဒီနေရာက ကျင်းလင်လိုပဲ ကျင်းလင်မှာ အခုလိုမျိုးကောင်းတဲ့စားသောက်ဆိုင်ကို ရွာဖို့က ခက်တယ်လေ။ဒီနေရာက အမဲသားနှပ်က ကောင်းတယ်လို့ ငါအကြံပေးချင်တယ်တကယ်လို့ မင်းအမဲသားနှပ်ကို မကြိုက်ဘူးဆိုရင်တော့ ပါစတာလည်းကောင်းတယ်နော် ဒီနေ့ ငါက ကျေွးတာဆိုတော့ မင်းဘာစားချင်ချင် မှာလို့ရတယ်

ဒါဆိုလည်း ကျွန်တော်က

လုကျိုး ပုံမှန်လေသံလေးနဲ့ ယဉ်ယဉ်ကျေးကျေးလေးပြုံးကာ မှာတော့မလို့ပြင်တဲ့အချိန်မှာပဲ မီနူးထဲက ဈေးတွေကိုမြင်ရင်း မျက်ခုံးတွေ ကခုန်သွားတော့သည်။

သေစမ်း ဈေးကြီးလိုက်တာ...

ဒီအမဲသားနှပ်တစ်ပွဲကို ယွမ်ရှစ်ရာ့ရှစ်ဆယ့်ရှစ်ကျပ်တောင်လား။

အို သေတော့မှာပဲ။

ငါ ဒီအတိုင်းရိုးရိုးထမင်းကိုပဲ စားသင့်လား။

ဒါတောင်မှ ယွမ်ရာကျော်နေသေးတယ်။

လုကျိုး စိတ်ထဲမှာ အော်ဟစ်နေပေ၏။ သို့ရာတွင် အမျိုးသမီးယန်ရဲ့ အမူအရာကိုလည်းမြင်ရော သူမက ဒီဈေးတွေက ဘာမွ မမှားယွင်းသလိုမျိုး ခံစားနေမိတာကို သိလိုက်ရသည်။ လုကျိုး မနေနိုင်တော့ဘဲ တွေးမိပြန်၏။

လူချမ်းသာတွေရဲ့ ပိုက်ဆံသုံးတဲ့နည်းလမ်းက သူနဲ့တော်တော်ကွဲပြားခြားနားလွန်းတာပဲ။

သူတို့က အဆင့်ကို တူမေနဘူး။

ဟန်မန်ချီကလည်း စိတ်ထဲထားပုံမရပေ။ လုကျိုးဆီကနေ မီနူးကို လှမ်းယူလိုက်လေရင်း စာရွက်တွေကို တဖျတ်ဖျတ်လှန်သည်။ နောက်ပုံတစ်ပုံကို လက်ညှိုးထိုးပြရင်းပြော၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now