အခန်း 2

Start from the beginning
                                    

သိပ်မပြောပါဘူး။ ဒီတိုင်းရေဓာတ်ခမ်းခြောက်သွားတယ်လို့ပဲပြောတယ်
ဝူတဟိုင်ကပြောလာသည်။
သူကအိပ်ရာဘေးတွင်ရှိသည့် ကုတင်နဲ့ကပ်လျက်စားပွဲခုံလေးကို မေးငေါ့ကာပြသည်။ နောက်ဆက်ပြောလာ၏။

ငါအဲ့ဒီမှာရေတစ်ခွက်ထားထားတယ်။ သောက်ဖို့မမေ့နဲ့နော်

လုကျိုးလည်ချောင်းရှင်းလိုက်လေရင်း ချက်ချင်းပြန်ပြောလိုက်သည်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ငါ့ကိုကျေးဇူးတင်မနေနဲ့ မင်းကဂျူနီယာကျောင်းသားပဲလေ။ ငါ့လိုမျိုးစီနီယာကျောင်းသားတစ်ယောက်အနေနဲ့မင်းကို သေချာပေါက်ဂရုစိုက်ရမှာပေါ့
ဝူတဟိုင်ပြောလာသည်။ သူကလက်တစ်ဖက်ကိုရမ်းပြလိုက်ရင်းထပ်ပြောလာ၏။

မင်းကောင်းကောင်းအနားယူလိုက်ဦး။ မင်းသေချာကျန်းမာပြီဆိုမှကျောင်းပြန်တက်နော်။ ငါမင်းအတွက်ပေးရမဲ့စရိတ်တွေအားလုံးကိုပေးပြီးပြီ။ ပြီးတော့ဆေးရုံစရိတ်အတွက်လည်းမစိုးရိမ်နဲ့။ ငါအားလုံးကိုပေးပြီးသား

ကျွန်တော်ဒါကိုဘယ်လိုလက်ခံ

အဆင်ပြေတယ်။ စိတ်ထဲထားမနေနဲ့ ငါဒီအလုပ်ကိုမင်းကိုစီစဉ်ပြီးတော့မိတ်ဆက်ပေးခဲ့တာလေ။ ဒီတော့မင်းတစ်ခုခုဖြစ်လာတဲ့အခါ သေချာပေါက်ငါက ဒီလောက်တော့လုပ်ပေးရမှာပေါ့
ဝူတဟိုင်ပြောလိုက်သည်။

သူကကုလားထိုင်မှထရပ်လိုက်လေရင်းဆက်ပြော၏။ ငါတို့ဒီအခြေအနေကနေထားလိုက်ကြတာပေါ့။ မင်းလည်းရက်နညးနည်းလောက်ကြာအောင်အနားယူလိုက်ဦး ဒီရက်တွေအတွင်းမှာ အလုပ်သွားမလုပ်နဲ့နော်

လုကျိုးတစ်ခုခုဆက်ပြောချင်ပေမဲ့ဘာပြောရမှန်းမသိတော့ပေ။ ထို့အစားသူနားလည်သလိုခေါင်းငြိမ့်ပြလိုက်ရင်း ကျေးဇူးတင်ကြောင်းသာပြောလိုက်ပြန်သည်။ ဝူတဟိုင်က လက်တစ်ဖက်ကိုယမ်းလိုက်ပြန်ကာ မလိုဘူးဆိုတဲ့အကြောင်းထက်ပြောရင်းထွက်သွားတော့သည်။

လုကျိုးဆေးရုံအိပ်ရာအပေါ်လဲလျောင်းလိုက်ကာ မျက်နှာကျက်ကိုပြည့်ရင်း သက်ပြင်းချမိနေတော့သည်။ ငါအလုပ်သစ်ရှာရတော့မယ်ထင်တယ်

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now