အခန်း(၁၀)

Start from the beginning
                                    

ထိုင်မချ ခြေမကြွဘဲ ကြောင်တောင်ငေးနေသည့် ကောင်ငယ်လေးကို ကိုကိုကပဲ စကားစလိုက်ရသည်။ 

"ကိုယ်တော်လေး သုတေသနပြုတော်မူပြီးရင်လည်း အမြန်ပြန်ကြွ" 

မနက်က လက်ကျန် ကြက်ကြော်တစ်တုံးကို ယူ၍ ပုလင်းပြားကို ဖွင့်လိုက်သည်။ ခွက်ထဲငှဲ့ချ၍ တစ်ငုံမော့ပြီးမှ ကြက်သားမျှင်လေး နည်းနည်းခွာစားလိုက်၏။ 

နှုတ်ခမ်းထော်ပြီး မျက်စောင်းထိုးသည့် ယောကျာ်လေးတစ်ယောက်ဟာ ထူးထူးခြားခြား လှပနေ၍ ခန္ဓာကိုယ်ထဲ ရောက်နေသော အယ်လ်ကိုဟောဓာတ်များပင် လွင့်စင်သွား၏။ 

ကြမ်းပြင်ပေါ်ထိုင်ချတော့မည် ပြုတော့ ကိုကို့မှာ မနေနိုင်။ ချောင်ထိုးထားသည့် ဖျာအသစ်ကို ဖြန့်ခင်းပေးမိ၏။ မှိုနံ့က ထောင်းခနဲ ထွက်လာတာကို မသိချင်ယောင် ဆောင်ထားရသည်။ 

"ကျေးဇူး" 

ထွက်လာသော အသံက ပိုးရက်ကန်းကထွက်လာသည့် ပိုးချည်မျှင်လေးတွေလို နူးညံ့ညင်သာနေသည်။ ကိုကိုနှင့် ကွာခြားလွန်သည့် ကောင်ငယ်လေးကို
"ဘယ်တော့ ပြန်မလဲ"လို့ ဟုပင် မမေးနိုင်တော့ချေ။

ကိုကိုတစ်ခွက်ထပ်သောက်လိုက်ပြီး ဘေးနားမှာ ထိုင်ကြည့်နေသူကို လှမ်းမေးလိုက်သည်။ 

"သောက်တတ်လား" 

"ဟင့်အင်း" 

"လူမိုက်ပဲ" 

"ဟမ်" 

"အေးလေ ဒီလောက်ကောင်းတဲ့ အရက်ကို မသောက်တတ်တာ မင်းလူမိုက်ပေါ့" 

"ဒီလောက်ခါးပြီး ကျန်းမာရေးအကျိုးမပေးတဲ့ အရက်ကို သောက်တာမှ လူမိုက်မဟုတ်ဘူးလား" 

"အေး မိုက်တော့ မိုက်တာပေါ့၊ငါက မိုက်တွင်းနက်နေတဲ့ လူမိုက် မင်းက သနားစရာ လူမိုက်လေး" 

တတိယတစ်ခွက် သောက်ပြီးချိန်မှာ ကိုကို့အာရုံတွေ ထွေလာသည်။ ကောင်းကင်မှာ အထီးကျန်နေသော လမင်းကြီးကို အိမ်ရှေ့ပေါက်မှ မော့ကြည့်လိုက်၏။
ကိုကို့ဘဝကို ပြန်ကြည့်နေရသလို ဝမ်းနည်းစရာ ကောင်းလှသည်။ 

​နေရာခဏလဲချင်သည်Where stories live. Discover now