' Sehunစကားနားမထောင်တာနဲ့ အဖေ့ဆီဖုန်းဆက်ဟုတ်ပြီလား သား ''ဟုတ်ကဲ့ အဖေ '
Sehunကလည်းတနှစ်နေလို့မှအိမ်တခေါက်ပြန်
မလာပေမဲ့သားအရင်းထက် LuhanကိုသိသိသာသာကြီးအရေးပေးသွားသောSehun ၏မွေးသဖခင်ဖြစ်သည်။ အဖေ အဖေဖြင့်ပါးစပ်ကမချအောင် ခေါ်နေသူလည်းရှိမှတော့ Oh Sehunကဘယ်မျက်နှာနဲ့နေရမည်လဲ။?? မျက်နှာချိုသွေးကာထိုသားအဖစိတ်တိုင်းကျနေဖို့သာပဲရှိသည်။အဖေအားကိုးဖြင့် ဆိုးလ်ကိုပြန်သည့်လမ်းတလျှောက်လုံး Sehunကိုခိုင်းစားသည်။
အရင်ကလည်းမခိုင်းတာမဟုတ်ပေမဲ့ ခုကျ ရက်ရက်စက်စက်ကိုခိုင်းဖို့အကွက်တွေ့နေတာဖြစ်ပါသည်။ဘူတာမှထွက်သည်နှင့်အိမ်မပြန်ဖြစ်တော့ပဲ စာပေတိုက်သို့တန်းသွားလိုက်သည်။ Bossဆီ ရောက်ပါကြောင်းသံတော်ဦးတင်ရမည်။ အခန့်မသင့်လျှင် ရှည်လျားထွေပြားသောမကျေနပ်ချက်များကိုနားထောင်ရဦးမည်။Baekhyunဆီမှာလည်း အိမ်သော့ကဝင်ယူရဦးမည်ဖြစ်သောကြောင့်စာပေတိုက်ကမသွားမဖြစ်။
နှစ်ယောက်သားယှဉ်လျက်နှင့်စာပေတိုက်ထဲဝင်လာခဲ့ချိန်မှာ ဝန်ထမ်းတော်တော်များများ ၏ အကြည့်သည်သူတို့နှစ်ယောက်ထံရောက်လာသည်။
အရင်ကလည်း အကြည့်ခံနေကြမို့ အထွေအထူးတော့မခံစားရ။ Parkစာပေတိုက်မှာ သူတို့နှစ်ယောက်ကstarပဲလေ။
"Oh Sehun ssi နဲ့ Luhan ssi ဘာလာလုပ်တာ
လဲဗျ"ရုံးခန်းထဲမှာမရှိပဲ အောက်ဆုံးထပ်ကော်ဖီဆိုင်တွင်ထိုင်နေသော Boss Parkက သူတို့နှစ်ယောက်ကိုမြင်သည်နှင့်ထိုသို့နှုတ်ခွန်းဆက်သသည်။
ဘေးနားမှာအမြဲရှိနေကြ Baekhyunကတော့ ပြုံးလျက်သာLuhanကိုလက်ပြပြီးအနားလာဖို့ခေါ်လေသည်။
ထိုစားပွဲဝိုင်းဆီ နှစ်ယောက်သားလျှောက်သွားလိုက်ပြီးထိုင်ဖို့ပြင်ရုံရှိသေး Boss Parkပြောလိုက်သည့်စကားမှာ
"ဘာလာလုပ်တာလဲလို့ ?? မင်းတို့ကို ငါက ခွင့်တသက်လုံးပေးလိုက်ပြီလေ"
"ဘာရယ်??"
"အလကား အဲ့လူကြီးလျှောက်ပြောနေတာ
Luhan ရော့ အိမ်သော့"
YOU ARE READING
Notice : Love isn't allowed
Fanfiction"မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ" "မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ"