ရေပန်းအောက်သို့ဝင်ရပ်လိုက်ပြီး မျက်စိစုံမှိတ်ကာ
ကျလာသည့် ရေမပူမနွေးလေးကိုခံစားနေလိုက်သည်။ရေနွေးနွေးလေးများသည် တကိုယ်လုံးမှပင်ပန်းမှုများ
ကိုစုပ်ယူသွားသလိုပင် ။ဆယ့်ငါးမိနစ်လောက် ရေပန်းအောက်ရပ်နေလိုက်ရုံဖြင့် Luhan့တကိုယ်လုံးလန်းဆန်းလာတော့သည်။
ရေပန်းခလုတ်ကိုပိတ်ချကာ မလှမ်းမကမ်းတွင်ရှိသော
ခေါင်းလျှော်ရည်ဘူးအားလှမ်းယူလျက် ခေါင်းပေါ်သို့Luhanလောင်းချလိုက်သည်။ပူရှိန်းရွက်နံ့သင်းသင်းဖြင့်ခေါင်းလျှော်ရည်သည် Luhan့မျက်နှာကိုအကြောင်းအရင်းမရှိပြုံးစေသည်။
ခေါင်းလျှော် ရေမိုးချိုးပြီးသည်နှင့်ပစ်လှဲအိပ်ပစ်တော့
မည့်အကြောင်းကို တွေးလိုက်ပါပြီးစိတ်ပျော်လာကာ Luhanခေါင်းသွက်သွက်လျှော်သည်။မထင်မှတ်ပဲအမြုပ်ပိုများလာသဖြင့် Luhan မျက်လုံး
မှိတ်ထားလျက်မှ မျက်စိထဲထိုအမြုပ်များဝင်လာကာ
စပ်လာတော့သည်။ရေပန်းခလုတ်ကိုလက်ဖြင့်
လိုက်လိုက်စမ်းသော်လည်း ဖမ်းမမိ။တနှစ်ကြာဝေးကွာနေသည့် ပေကျင်းအိမ်မှ ရေချိုးခန်း
သည် Luhan့ကိုကောင်းကောင်းဒုက္ခပေးလေသည်။ဆိုးလ်အိမ်မှာသာဆို မျက်စိမှိတ်ပြီးလျှောက်သွား
ရင်တောင် ခလုတ်တချက်မတိုက်လောက်ပေမဲ့
ဒီမှာတော့ ရေပန်းခလုတ်ဘယ်နေရာမှာရှိမှန်းတောင်
စမ်းလို့မမိဖြစ်နေရသည်။"Aha…… gotcha … အာ့"
ရေပန်းခလုတ်ကိုအောင်အောင်မြင်မြင်ဖြင့်ဖမ်းမိ
လိုက်ပေမဲ့ ရုတ်တရတ်ကြီး Luhan့ တကိုယ်လုံး
ဆွဲလှည့်ခံရကာ ကျောပြင်သည်ရေချိုးခန်းနံရံဖြင့်
ကပ်သွားသည်။ချက်ချင်းပင်ပွင့်ကျလာသည့်ရေပန်းမှရေစက်များသည်
Luhan့ခေါင်းနှင့်မျက်နှာပေါ်မှခေါင်းလျှော်ရည်
အမြုပ်များကိုသယ်ယူချသွားပြီးနောက် Luhan
သူ့အားဆွဲလှည့်လိုက်သည့်တရားခံကိုရှင်းရှင်း
လင်းလင်းမြင်လာသည်။"Oh……oh sehun … မင်း……မင်းက
ဘယ်လိုရောက်……ဒါက ပေကျင်း……
ဒီရေချိုးခန်း………ဘယ်လိုဝင်"
YOU ARE READING
Notice : Love isn't allowed
Fanfiction"မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ" "မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ"