Act 3.5 : Naughty Guy [Unicode]

1.3K 87 4
                                    


အလုပ်ပိပုံနေသည့်ဒဏ် အိပ်မက်နှောင့်ယှက်
သည့်ဒဏ်တို့ကြောင့် Sehun အိပ်ရေးမဝခဲ့ပါ
လေ။ သို့ပေမဲ့ အစည်းအဝေးဆိုတာကြီးကရှိ
နေသေးသည့်အတွက် အိပ်ရာပေါ်မှကုန်းရုန်း
ထပါရင်း အလုပ်သွားဖို့ပြင်ဆင်ရပြန်သည်။

ကိုးနာရီခွဲဖို့ငါးမိနစ်ပဲလိုတော့သည့်အချိန်တွင်
တကိုယ်လုံးရှိုင်းနေဖို့ရာအချိန်မရှိ...ဒီအချိန်မျိုး
ဆို သိပ်ပြင်ဆင်စရာမလိုပဲ အလွန်ကြည့်ကောင်း
လှသည့်ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသည်။
မွေးသမိခင်ကိုပင် ကျေးဇူးလှမ်းတင်ရပါသည်။

အစည်းအဝေးကဆယ်နာရီတိတိစမည်ဖြစ်သည့်
အတွက် မနက်စာလဲပြင်ဆင်စားဖို့ရာအချိန်ရ
မည်မဟုတ်...အခန်းထဲမှထွက်ကာအလျင်အမြန်
အောက်ထပ်သို့ဆင်းပြီး မီးဖိုခန်းထဲတန်းဝင်လိုက်
ပေမဲ့ တိတ်ဆိတ်လွန်းသည့်ဝန်းကျင်ကိုသတိ
ပြုဖြစ်အောင်ပြုမိသေးသည်။

အသံပလံဆူညံမနေပုံအရ အောက်ထပ်ခန်းမှ
အယုတ်တမာလေးအိပ်ရာမနိုးသေးဘူး
ထင်၏။

ရေခဲသေတ္တာထဲမှ ထုံးစံအတိုင်း နွားနို့ဘူးဆွဲယူ
ကာ ကိုယ်တာအတွက်မော့ချလိုက်ပေမဲ့ နွားနို့
မသောက်သည့်တစ်ယောက်သောသူအယုတ်
တမာလေးအတွက် ကော်ဖီအိုးတည်ပေးခဲ့ဖို့ရာ
ပြင်ရသည်။

မီးဖိုခလုတ်ကိုဖွင့်လိုက်ပြီး ကော်ဖီအိုးတင်လိုက်
ချိန်တွင် ကိုးနာရီခွဲပြီးလို့ငါးမိနစ်ခန့်ဖြစ်နေလေပြီ။

"Hello......အဖွဲ့မှူးKim ကျနော်အစည်းအဝေး
နည်းနည်းနောက်ကျမယ် ကားလမ်းတွေပိတ်နေ
လို့ပါ သိတဲ့အတိုင်းပဲ"

မုသားမပါ လင်္ကာမချောပေမို့ စကားအရာအဆင်
ပြေဖို့ရာ အလိမ်အညာလေးနည်းနည်းထည့်သွင်း
ရသည်။ မီးမှန်မှန်ဖြင့်တည်ထားသောကော်ဖီအိုး
မဆူခင်မှာ Luhanသောက်နေကျ ကြွေခွက်ကို
ဆွဲယူလိုက်ရင်း သကြားတဇွန်းခွဲထည့်လိုက်
သည်။

"Morning............"

ရေခဲသေတ္တာနားသို့ကပ်လာသောအရိပ်ပါးလျလျတစ်ခု...အိပ်ချင်မူးတူးအီလေးဆွဲနေသည့်
မင်္ဂလာနံနက်ခင်းနှုတ်ဆက်စကားကြောင့် ယင်း
အရိပ်ပါးလျလျဘက်လှည့်ကြည့်မိစဉ် Sehun
နှာခေါင်းသွေးလျှံသွားရသည်။

Notice : Love isn't allowed Where stories live. Discover now