Act 11 : Miss your...

10K 784 149
                                    


"Kristina က Sehun ရဲ့ရည်းစားဟောင်းလေ "

အထက်ပါသတင်းကို Luhan ဌာနဝယ် ငြိမ်ငြိမ်လေး
ထိုင်နေသည့်တိုင် နားထဲအရောက်လာပို့ပေးသူက
၂ယောက်မရှိသောBoss Park Chanyeol။

"သူတို့အတွဲက တက္ကသိုလ်မှာ hotအဖြစ်ဆုံးတဲ့ SehunကKristinaကိုအသေချစ်တာဆိုပဲ"

အဆိုပါသတင်းအား Luhan သိချင်သည် မသိချင်
သည် မမေးမြန်းပဲ ဖောက်သည်ချသူမှာ Boss Park
၏ ပြိုင်ဖက်ကင်းချစ်သူ သူ၏သူငယ်ချင်းကောင်းကြီး Byun Baek Hyun။

"အယ်ဒီတာချုပ်Oh နဲ့ Kristina Kimက
တွဲနေတာဆို ဟုတ်လား စီနီယာ…??"

Parkစုံတွဲကိုရှောင်ကာ စားသောက်ဆိုင်တွင်
ပုန်းအောင်းလျက်ထမင်းစားကာမှ Luhan့အား
ထမင်းနင်အောင် လာမေးသည့်
Fictionဌာနမှစာရေးဆရာပေါက်စတယောက်။

"ဟဲ့ဟဲ့ သူတို့ကအခု မီလန်မှာ"

"အယ်ဒီတာချုပ်Ohက Kristina Kim
နောက်လိုက်သွားတာလား မသိဘူး"

"ပျော်နေလိုက်ကြတာဟယ်……"

မကြည့်ချင်မှအဆုံး Luhan့မျက်စိရှေ့တွင်
ဖုန်းတကားကားဖြင့်ကမ်းခြေမှာတူနှစ်ကိုယ်ယှဉ်တွဲ
နေသည့်Sehunနှင့်Kristinaတို့ပုံများအား
ဝေမျှကြည့်ရှုကာအချောင်ပီတိဖြာနေကြသည့်
ဝန်ထမ်းမမတွေ။

"ဒါနဲ့များမိန်းမတွေစိတ်မဝင်စားတော့ဘူးလေး
ဘာလေး အလကားအာပလာ , နွားကပလာတာကို
မြိန်ရေယှက်ရေစားနေပါတယ်ဆိုတဲ့စကားကမှ
ယုံချင်စရာကောင်းသေး……"

"အမ်…ဆရာLuhan ဘာပြောတာလဲ?
ဇာတ်ညွှန်းကိုသဘောမကျလို့လား?"

"အာ……မဟုတ်ဘူး မဟုတ်ဘူး ဆရာမKim
အိမ်ကကြောင်စုတ်လေ ကြောင်မရှာထွက်နေတာ
ပြန်မလာသေးလို့ အဲ့ကောင်ဆီ စိတ်
နည်းနည်းရောက်သွားတာ  အဆင်ပြေတယ်
ဇာတ်ညွှန်းကအဆင်ပြေပါတယ်"

ဖျတ်ကနဲပျက်ပြားသွားသည့်စိတ်ကိုပြန်ဖမ်းရင်း
ဇာတ်ညွန်းရေးဆရာမကို ပြာပြာသလဲ Luhan့
မှာတောင်းပန်ရသည်။

~အင်း  coffeeခါးခါးတခွက်လောက်သောက်ဖို့
အသည်းအသန်လိုအပ်နေပြီ။

Luhan၏အသစ်ထွက်ထားသောဝတ္ထုတိုအား
ရုပ်ရှင်ပြန်ရိုက်ဖို့အရေး အဘက်ဘက်မှလူများ
နှင့်ဆွေးနွေးတိုင်ပင်နေရသဖြင့်
ခုတလော Luhan အလုပ်သိပ်များသည်။

Notice : Love isn't allowed Where stories live. Discover now