Act 4 : I am not yours [Unicode]

1.2K 80 1
                                    

"မင်းတော့ သေပြီ"

သွားကြားထဲမှထွက်လာသောလေသံအေးစက်
စက်ရယ်ကြောင့် Luhan နားထင်မွှေးလေးများ
ပင်ထောင်သွားသလိုရှိသည်။

အသွေးအသားကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့
နှစ်ဦးသဘောတူညီချက်တွေအရ တောင်းဆို
လာသူကိုငြင်းပယ်ခွင့်မရှိပေမဲ့ Luhan ဒီတကြိမ်
တော့ဖြင့်ငြင်းချင်သည်။ Oh Sehunကြမ်းတော့
မှာ ခံစားသိရှိနေမိသည်လေ။ မနေ့က Luhanသူ့ကိုသန့်စင်ခန်းထဲဒီတိုင်းထားပစ်ခဲ့သည်မလား...

မနေ့ကဆိုမှ......

"ရပ်လိုက် Oh Sehun"

အနားသို့အဆမတန်တိုးကပ်လာသည့်Sehun
ရင်ဘတ်တနေရာကိုလက်ညှိုးဖြင့်ထောက်လိုက်
ရင်းLuhanတားလိုက်သည်။

ခပ်မော့မော့ခပ်ချေချေမျက်နှာထားဖြင့်တစုံတရာမကျေနပ်ချက်ကိုဖော်ထုတ်ပြောချင်နေသည့်
Luhanပုံစံကြောင့် Sehunခြေလှမ်းတွေခဏရုတ်ပေးလိုက်ပါသည်။

"ဘာလဲ ဘာပြောမလို့လဲ"

"မနေ့က မင်းနဲ့ Time Koreaကအယ်ဒီတာချုပ်နဲ့ကိုတပူးပူးတတွဲတွဲသိပ်တွေ့ရတယ်"

"သြော်...သူကအယ်ဒီတာချုပ်အသစ်လေ ငါ့ကို
လာပြီးမိတ်ဆက်စကားလာပြောတာ ရှင်းပါတယ်"

"အဟက်....မိတ်ဆက်စကားကတနေကုန်ပြော
ရတာလား???"

မျက်ခုံးတပင့်ပင့်ဖြင့်ရွဲ့တဲ့တဲ့အသံကြောင့်
Sehunမျက်မှောင်ကျုံ့သွားရသည်။

ဘာကြောင့်ရယ်မသိ Luhanနှင့်စကားပြောရ
သည်မှာစိတ်ကျဉ်းကြပ်လာသလို??တနည်း
အချုပ်ခံနေရသလို

"ဘာလဲ မင်းက သဝန်တိုတယ်ဆိုတာမျိုးဖြစ်နေ
တာလား"

"what the f**k Oh Sehun ဘယ်လိုစကားတွေ
ပြောနေတာလား"

မျက်လုံးလေးပြူးလျက်ပြောပြီးခေါင်းမော့ကာ
ရယ်မောလိုက်သည့်Luhanကြောင့် Sehun
ပခုံးတွန့်လျက်သာပြန်လည်ရယ်မောလိုက်ပါ
သည်။

"မဟုတ်ဘူးဆိုလဲပြီးတာပဲ အဲ့ဒါတွေ
ခေါက် ထားစမ်းပါ"

ပြောရင်းဆိုရင်း ရှေ့သို့ခြေလှမ်းခပ်ကျယ်ကျယ်
လှမ်းလာကာ Luhanခါးကိုဆွဲယူသိမ်းပိုက်ဖက်
ရင်း မေးဖျားကိုပင့်တင်လိုက်သည့်အခါ ဖျက်ဆီး
ပစ်ချင်စရာမျက်နှာနုနုနှင့်နှုတ်ခမ်းနီတာရဲက
Sehunကိုဖြားယောင်းနေသယောင်ရှိသည်။

Notice : Love isn't allowed Where stories live. Discover now