Act 21 : How dare you two [Unicode]

1.1K 73 0
                                    


မှားသည်။ အကြီးအကျယ်ကိုမှားမှန်းသိလေပြီ။ Luhanဆိုသောသတ္တဝါနှင့်ပတ်သတ်လာလျှင် ဒေါသများမရှိတော့ပြီဟု ကြွေးကြော်ခဲ့သော ကိုယ့်ကိုကိုယ်သောက်ပိုတွေပြောတတ်လွန်းသည်ဟုSehun
သတ်မှတ်လိုက်ပါပြီ။

"Sehunရေ........."

Sehunမှာ မနက်ကိုးနာရီကနေညနေငါးနာရီထိ
ရုံးချုပ်တွင် အယ်ဒီတာချုပ်တာဝန်ကို ၈နာရီကြာ
လုပ်ဆောင်ရပြီး အိမ်မှာနေချိန်များ၌Luhan
၏နာနီဖြစ်နေချေသည်။

မနက်အိပ်ယာနိုးသည်နှင့် Sehunရေက စခေါ်သည်။
ပြီးလျှင်မျက်နှာသစ်ပေး သွားတိုက်ပေးရသည်။
ဒါတင်မကသေးလက်မှပတ်တီးဖြင့်မသက်သာလှ
ဟုဆိုကာ အပေါ့အပါးကိစ္စပင်လုပ်ပေးရသေးသည်။
ပထမတရက် တပတ်လောက် Sehun
မညည်းညူလှသော်လည်း လနဲ့ချီလာသည့်အခါမှာ
တော့ နည်းနည်း စိတ်ပေါက်လာလေပြီ။

"မှန်းစမ်းးး...... မင့်လက်က အရိုးအက်တာလား
အရိုးပျောက်ထွက်သွားတာလား?"

"အားးး နာတယ် နာတယ် ကာလနာကြီးရဲ့"

ပတ်တီးသိုင်းထားသည့်လက်ကိုဆွဲခါယမ်းကြည့်
မိသည့်အခါ အားနေသည့်လက်ဖြင့် Sehunကို
ပယ်ပယ်နယ်နယ်ထုရိုက်ပြီး ပိုးစိုးပက်စက်အော်လေ
သည်။ တကယ်လဲနာပုံရပြီး မျက်ရည်တွေပါ
ဝဲတက်လာသည့်အခါမှ Sehunလန့်ဖြန့်ရသည်။
ကိုယ်တိုင်အရိုးနဲ့ပတ်သတ်ပြီးဆိုးဆိုးဝါးဝါး
မထိခိုက်ဘူးလေတော့ ဘာကိုမှတိတိကျကျမသိပေမဲ့
အရိုးကျိုးပြီးနောက် အကောင်းပကတိပြန်
ဖြစ်ဖို့ဆို ခြောက်ပတ်ကနေဆယ့်နှစ်ပတ်ထိကြာသည်ဟု
ကြားဖူးသည်။

ထို့ကြောင့်ပင် ဒီကောင်လေး သူ့ကိုဂျင်းထည့်ပြီးညှပ်ချ
နေသလားဟု အတွေးပျောက်သွားမိလျက်
ထမင်းစားပွဲခုံပေါ်တွင်တင်ထားသော နွားနို့ခွက်ကို
အပြေးသွားယူမိလေသည်။

"ရော့......"

"ဘာကြီးလဲ?? ဟမ်...... နွားနို့...... အာ.........
မကြိုက်ဘူးကွာ"

"မဆိုးနဲ့ကွာ သောက်ပါ နွားနို့ကအရိုးအတွက်ကောင်း
တယ် ငါ မင်းသောက်ကောင်းအောင်လို့
စတော်ဘယ်ရီချေထည့်ပေးရမလားဟင်?"

Notice : Love isn't allowed Where stories live. Discover now