Act 12 : Red Wine Night

10.6K 759 136
                                    


"Boss အထဲမှာရှိတယ်မလား?"

"ဟုတ် ရှိပါတယ် ကျွန်မအကြောင်းကြားပေး…
…ဟို အယ်ဒီတာချုပ် အဲ့လိုဝင်သွားလို့မရ……"

ကမန်းကတန်းထလိုက်လာသည့် အတွင်းရေးမှူးမလေး
ကို ဂရုမစိုက်ပဲ ရုံးခန်းတံခါးအားကိုယ်တိုင်ဆွဲဖွင့်ကာ Sehun ဝင်လာလိုက်သည်။

Jeong Hanပြန်သွားပြီထင်သည်။ ရုံးခန်းထဲမယ်
အလုပ်များနေသည့်Boss Parkတယောက်တည်း
သာရှိသည်။

Sehun ခပ်တည်တည်ဖြင့်ဝင်ချလာပြီး sofaပေါ်
ထိုင်လိုက်သည့်အခါ အလုပ်လုပ်နေရင်းမှ
စိတ်ပျက်လက်ပျက်မော့ကြည့်လာသည့်
Park Chanyeol။

အဆူခံရတော့မည်အထင်ဖြင့်မျက်နှာပျက်နေသော
အတွင်းရေးမှူးကိုလက်ဟန်ဖြင့်အပြင်ပြန်ထွက်ခိုင်း
လိုက်ကာမှ ကောင်မလေးခင်မျာစိတ်သက်သာရာရ
သလိုသက်ပျင်းချရင်း ကသုတ်သရိုက်ပြန်
ထွက်သွားသည်။

"ငါ့ရုံးခန်းကိုပေါပေါပဲပဲ ဝင်စို့ထွက်စို့လုပ်နေတာ
မင်းပဲရှိတယ် Oh Sehun"

"Byun Baekhyunလဲဝင်ချင်တိုင်းဝင်နေ
တာပဲမလား"

"Babeနဲ့မင်းနဲ့တူမလား??"

တံဆိပ်တုံးဖြင့်ကောက်ပေါက်မည်ရွယ်ပေမဲ့
Oh Sehunသည် အရေးမစိုက်သလိုနေပြသည်။

"နောက်လ Highlight coverကို Kristina
နဲ့ရိုက်မှာ ငါ သူ့မန်နေဂျာနဲ့ညှိဖို့ မင်းTeam
ကိုပြောလိုက်ပြီ။"

"အေး ငါလဲအဲ့ကိစ္စလာပြောတာ မင်းဘာတွေ
ကြံစည်နေတာလဲ Park Chanyeol"

စိတ်မရှည်သည့်ခပ်ဆတ်ဆတ်Sehunအမေးကို Chanyeolကနားမလည်သလိုပုံဖမ်းလျက်ကြည့်
လာသည်။
နောက် စားပွဲပေါ်တွင်ရှိသည့် ဖိုင်တွဲတခုကိုကောက်ယူ
ကာ Sehunထိုင်နေသည့်Sofa
နားလျှောက်လာရင်း

"Beachဘက်ကိုယာယီစဉ်းစားထားတယ်
ဘယ်လိုလဲ ပတ္တရား ဆိုအဆင်ပြေမယ်မလား
ဒီမှာတချက်ကြည့်ကြည့်"

"မင်းဘာတွေကြံစည်နေတာလဲလို့ ငါမေးနေတယ်"

"Coverရိုက်ဖို့လေ Shooting နေရာရွေးနေ
တာလေ"

"Park Chanyeol…"

မျက်နှာချင်းဆိုင်နေရာတွင်ဝင်ထိုင်လိုက်ကာ
ရယ်ချင်စိတ်ကို အတင်းဖိထားရသည့်မျက်နှာဖြင့်
ဒေါသထွက်လွယ်နေသော Oh Sehunအား
Boss Park ကြည့်လာသည်။

Notice : Love isn't allowed Where stories live. Discover now