Act 19 : why so cruel[Unicode]

1.3K 80 0
                                    


Luhanအခန်းပြတင်းပေါက်မှန်ဘောင်မှာမနက်ဆို
လာနားတတ်သည့် ငှက်စုံတွဲတောင် အိပ်ယာမနိုး
လောက်သေးသည့် အချိန်မှာ Luhanမျက်လုံးပွင့်
လာခဲ့သည်။
ပွင့်လာခဲ့သည်ဟုဆိုရသော်လည်း အိပ်ရာနိုးလာခြင်း
တော့မဟုတ်ပါ။
Luhanတညလုံး နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရသေးပါဘူး။

အနှောင့်အယှက်ပေးလွန်းသည့်သူကြောင့်Luhan
မနက်စောစောစီးစီးခေါင်းကိုက်နေရသည်။

လက်တကမ်းမှာရှိသည့် laptopကိုဆွဲယူကာ fictionအပိုင်းသစ်အတွက်ရပ်ထားခဲ့သောနေရာမှနေ
တောက်လျှောက်မနားတမ်း ဆက်ရေးနေမိသည်။

ခံစားချက်တို့ဝင်နေသဖြင့် စာရေးရသည်မှာ ချောမွေ့လို့
အထစ်အငေါ့မရှိ။ တံခါးခေါက်သံမကြားရခင်အထိ
ပေါ့လေ…။

"hol~~ Luhan ဘာလို့အခန်းတံခါးကိုဂျက်ချထား
တာလဲ ထူးထူးဆန်းဆန်း"

- ဘယ်သူ့ကြောင့် ငါကကိုယ့်အခန်းတံခါးကို
ဂျက်ချနေရတာလဲ -

နှာခေါင်းတချက်ရှုံ့လျက် စိတ်တွင်းချေပလိုက်ကာ
ခေါင်းထဲထွက်ကျလာသမျှ စာသားများကို
တဂျောက်ဂျောက်ရိုက်နေမိပြန်သည်။
အပြင်မှစကားသံမကြားရတော့။

Luhanအိပ်နေသေးသည်ထင်၍
ထွက်သွားတာဖြစ်နိုင်သည်။

လတ်တလောမှာ ထစ်ကနဲရှိ အခန်းထဲ
ဇွတ်ဝင်လာတတ်လွန်း၍ Luhan မနေ့ညမှစကာ တံခါးlockချပြီးအိပ်ဖို့ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။

ကိုယ့်အခန်းနဲ့ကိုယ်နေပြီး ကိုယ့်လုံခြုံရေးကို ပြန်
စောင့်နေရသည့်အဖြစ်ပင်။

"နေစမ်းပါဦး ခါတိုင်းငါမနိုးတဲ့နေ့တွေကရော ဒီအချိန်
အခန်းထဲဝင်လာနေကျလား? eeee……
Oh Sehun -ူးကောင်"

ကျောတွန့်သွားရပြီး ခဏအကြာမှာပင် ဇာတ်လမ်းထဲ
ဝင်စားကာစာသားတွေတသီချည်းထွက်ကျ
လာပြန်သည်။

: ချစ်တယ်… :

: ဘာ…… မင်း ရူးနေလား ? :

ကိုယ်တိုင်မသိလိုက်ပဲ ရုတ်တရတ်ကြီး ရောက်လာသောဇာတ်လမ်းကြောင်းကို Luhan ကြောင်အစွာ
ရပ်ကြည့်နေမိသည်။
အာရုံထဲပြေးလွှားနေသောဇာတ်ကောင်တွေ ။
ခံစားချက်တွေ ။ စကားလုံးတွေ။

Notice : Love isn't allowed Where stories live. Discover now