ကုတင်တဖက်ခြမ်းဆီကိုလက်ဖြင့်အသာအယာ
ရွှေ့စမ်းနေမိစဉ် အေးစက်စက်အထိအတွေ့ကို
သာရသောကြောင့် Luhan မျက်လုံးအစုံအမြန်
ပွင့်သွားပြီး အလျှင်အမြန်ငုတ်တုတ်ထထိုင်လိုက်
သည်။ရုတ်တရတ် မြင်လိုက်ရသည့်ဝန်းကျင်က လုံးလုံး
မရင်းနှီးသောဝန်းကျင်အနေအထား...Luhan့အလန့်တကြားဖြင့် မျက်နှာချင်းဆိုင်နံရံ
မှနာရီကိုမော့ကြည့်လိုက်တော့ အချိန်သည်
မနက်ငါးနာရီသာသာရှိသေးလေသည်။"ငါဘယ်ရောက်နေတာ???"
သူ့အိပ်ခန်းသည်ထိုသို့ဖွဲ့စည်းပုံမဟုတ်သည်ကို
သတိရသည်။"O............"
တခုခုကိုအော်လိုက်ဖို့လုပ်ကာမှ Luhan အသိ
ဝင်သည်။ သူအခုအိမ်မှာမဟုတ်။ တိတိကျကျ
ပြောရရင် သူ အခု ကိုရီးယားမှာပင် မဟုတ်။"What the fuck..."
ကုတင်တဖက်ကိုစမ်းမိလိုက်သောကိုယ့်လက်ကို
ပြန်ရိုက်လိုက်ရင်း Luhan မျက်နှာမဲ့လိုက်မိပါ
သည်။ စားပွဲပေါ်ဝယ် ဖွင့်လျက်သားရှိနေသေး
သော laptopကိုလှမ်းပိတ်လိုက်ရင်း air con remoteကိုပါလှမ်းယူလို့ အအေးဒီဂရီကိုမြှင့်လိုက်
သည်။ကိုရီးယားနိုင်ငံနှင့်သိသိသာသာကွဲပြားသော
ထိုင်းနိုင်ငံရာသီဥတုသည် ပူလောင်လွန်းကာ
နေထိုင်၍အဆင်မပြေဖြစ်ရပါသည်။ထိုင်းသို့Luhanခြေလှည့်လာသည်မှာ သုံးရက်
တိတိရှိပြီဖြစ်သည်။ အလုပ်ကိစ္စဖြင့်ခရီးထွက်ရ
မည်ဟု Baekhyunပြောလာသည့်အခါ ဘာဘာ
ညာညာမစဉ်းစားပဲ အထုတ်ဆွဲလို့Baekhyun
နောက်လိုက်ခဲ့သည်။ဘန်ကောက်တွင် ၂ရက်လောက်နေပြီး Baekhyunကအလုပ်များနေခဲ့ပေမဲ့ Luhanကတော့ လျှောက်သွားပျော်ပါးရင်းသာ
ဘန်ကောက်တခွင် အနှံ့လည်ခဲ့လေသည်။ထိုင်းမိန်းကလေးချောချောလေးများသည် အမြင်
အာရုံထဲထည့်မဆန့်လောက်အောင်ပေါလှသည်
မို့ ဒီနှစ်ရက်အတွင်း Luhan့နှလုံးသားလေးလန်း
လန်းဆန်းဆန်းရှိခဲ့သည်မှာမလွဲ။ဘန်ကောက်တွင်၂ရက်နေပြီးနောက် ယခု
ပတ္တရားသို့ရောက်လာရသည်။ Luhanတို့
စွန်းအကြိုက်တွေ့နေလေသည်။
YOU ARE READING
Notice : Love isn't allowed
Fanfiction"မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ" "မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ"