Act 15 : I won't stop courting you

9.9K 877 288
                                    


Phone screenကိုလက်ဖြင့်တောက်လိုက်
ပြန်ရုတ်လိုက်။ ပြန်ရုတ်လိုက် လက်ဖြင့်တောက်လိုက်
လုပ်နေပြီး Sehunသက်ပြင်းမောကြီးလွှတ်ချ
လိုက်သည်။

လန်းဆန်းသောတနင်္ဂနွေနေ့ညခင်းသည်
ယခုလိုclubထဲရောက်နေသည့်အချိန် ပိုမိုတက်ကြွ
စရာကောင်းနေသင့်ပေမဲ့ Sehunကတော့ ရေခဲ
အရည်ပျော်နေသည့်ဝီစကီခွက်ကိုသာ လှည့်ကစား
ရင်း သီချင်းသံများနှင့်ဝေးသည့်ချောင်ထဲမှာ
ငိုင်ကျနေသည်။

မလှမ်းမဝေးက dancing floorကိုကြည့်
လိုက်တော့ အလန်းကနေသည့် Kristina နှင့်
အမုန်းနမ်းနေကြသည့် Park စုံတွဲကို
ကွက်ကွက်ကွင်းကွင်းသွားမြင်သည်။

ဒီမှာတော့ မှိုင်လိုက်ရတာ....။ သူတို့ကျပျော်မြူးလို့။

"နေစမ်းပါဦး အဲ့သတ္တဝါကဘယ်တုန်းကငါ့စကားကို
အတိအကျနားထောင်သွားတာလဲ?"

Luhanပြန်မလာသည်မှာ တလပြည့်တော့မည်။
ထိုနည်းတူ Sehunဆီကိုဖုန်းလဲမဆက်ခဲ့ပါ။

"tsk........."

ဒီတလအတွင်းမှာ Sehun စိတ်ရောဂါအထူးကုဆီ
သွားဖို့၃ကြိမ်တိတိကြိုးစားသည်။

နာမည်ရဆေးရုံကြီးတွင်တကိုယ်လုံးကို
medical check upလုပ်ပြီးကြောင်းတော့
ထည့်မပြောလိုတော့ပါ။

ဘာရောဂါမှမရှိ ပကတိကျန်းမာနေသည်။
သို့ပေမဲ့ သူ ပုံမှန်မဟုတ်မှန်း Sehun သိသည်။

Sehun တယောက် Luhan့ကိုအရမ်းတွေ့
ချင်နေသည်။

ဒီတလအတွင်းမှာဖြစ်ပျက်ခဲ့တာတော်တော်များသည်။
Jun Myeonကရုတ်တရတ်သူ့ဆီရောက်ချလာပြီး
လက်ထပ်တော့မည့်အကြောင်းပြောသည်။
ဘယ်သူနဲ့လဲဆိုတာ လျှို့ဝှက်သွားသည်မို့ Sehun
စိတ်ရှုပ်ရသည်။
နောက် SeYeon ကိစ္စ။ Kristina Kim
သူမက ခုချိန်ထိSehunဘယ်လောက်ပြောပြော
ဘယ်လောက် တွန်းထုတ်ထုတ်မသွားပဲ ပေကပ်နေ
သည်။ Sehunနှင့် စုံတွဲပုံတွေရိုက်ရိုက်ပြီး
social mediaမှာခဏခဏတင်သည်။
ပြောမနိုင်တော့၍သာSehunလွှတ်ထားရသည်။

"Oh Sehunလေး ဘာဖြစ်? Sunday night
ကိုမပျော်ဘူးလား?"

အနားရောက်လာသည့် Boss Parkက Sehun
ပခုံးကိုလှမ်းထိုးရင်းဝီစကီတခွက်လှမ်းမှာလိုက်သည်။ Sehunသည်ကား ယောင်ယမ်းလို့အမ်းပင်နေသည့်
Park Chanyeolနှုတ်ခမ်းကိုမေတ္တာပျက်စွာကြည့်
လိုက်ပြီးနောက်

Notice : Love isn't allowed Where stories live. Discover now