Act 17 : This means WAR [Unicode]

1.2K 82 3
                                    

အိမ်ပြန်ရောက်ပြီးတည်းက Sehun ဖျော်ပေးသည့်
ကော်ဖီနှင့်ပြုတ်ပေးသည့် ခေါက်ဆွဲပြုတ်တို့ကို
ခုနှစ်ရက်ခုနှစ်လီခုနှစ်ဘဝမစားမသောက်ခဲ့ရသလို
စားသောက်သွားပြီး Sehunကိုလှည့်ပင်မကြည့်ပဲ
အိပ်ခန်းထဲ ဆောင့်အောင့်ကာဝင်သွားပြီးနောက် ပြန်
ထွက်မလာတော့ပါလေ။

မနက်မိုးစင်စင်လင်းသည့်နောက် ထုံးစံအတိုင်း
မနက်စာကိုအဆင်သင့်ပြင်ပေးရသည့်သူမှာ Sehun သာဖြစ်ပြီး ကော်ဖီဖျော်စက်မှနေ ကြွေအိုးလေးထဲ
တစက်စက်ကျနေသည့် ကော်ဖီရည်များကို
လိုက်ကြည့်ရင်း အပြုံးမရပ်သူမှာလဲ Sehun
သာဖြစ်သည်။

ဒီလိုပျော်ရမှန်းသိရင် သူ စောစောချစ်ပါတယ်နော် !

ပေါင်မုန့်မီးကင်စက်ထဲမှထွက်လာသည့်မီးကင်ပြီး
သားပေါင်မုန့်ချပ်များကိုပန်းကန်ပြားထဲစီစီရီရီထည့်
လျက် ထောပတ်ဘူးနှင့်စတော်ဘယ်ရီယိုဘူးတို့ကို
နံရံကပ်ဗီဒိုထဲမှထုတ်ယူကာ စားပွဲပေါ်တင်ထား
လိုက်သည်။

ကြက်ဥနှင့်ကြက်အူချောင်းများကို ခရမ်းချဉ်သီးပါးပါး
လှီးထည့်လု့ိရောကြော်ပြီးသည့်တိုင် Luhanသည်
အခန်းထဲမှ ထွက်မလာသေးပါ။

အချိန်သိရအောင် နာရီမော့ကြည့်မိသည့်အခါ
၈နာရီခွဲတော့မည်ကိုသိရသည်။ Luhan့
အချိန်ဇယားတချို့ကို Baekhyunဆီ
မေးမြန်းပြီးသားဖြစ်၍ ဒီနေ့Luhan ရုံးချုပ်သို့
သွားရမည်အားSehunသိသည်။

ဒီအချိန်မှမနှိုးလျှင် နောက်ကျတော့မည်ဖြစ်သော
ကြောင့် Luhan့အခန်းရှေ့ကို လျှောက်သွား
လိုက်သည်။

လည်သွားသည့်တံခါးလက်ကိုင်ဘုကြောင့်တံခါးမှာ
ပွင့်သွားသည်။Sehun လေပူတချက်မှုတ်ထုတ်
ကာခြေသံဖွဖွနင်းလျက် ကုတင်နားဆီတိုးကပ်သွား
လိုက်သည်။

ကုတင်နားရောက်လေ ကုတင်ပေါ်မှ ပုံရိပ်သည်
ပိုပိုပေါ်လာလေ။

ကန်ချထားဟန်တူသော စောင်သည်ကုတင်အောက်ခြေမှာအထွေးလိုက်ကျနေသည်။ ကိုယ်ပေါ်မှာစောင်မရှိ
သဖြင့် တယောက်အိပ်ကုတင်ပေါ် ခြေကားယား
လက်ကားယားအိပ်နေသော Luhan့ပုံစံသည်
အထင်းသားဖြစ်နေသည်။

Notice : Love isn't allowed Where stories live. Discover now