Act 20 : All my pride & anger are already vanished

11.4K 887 285
                                    

"မျောက်လောင်းရေ ငါလာတယ်"

အသံစာစာသည်လူမမြင်ရခင်တည်းကရောက်နှင့်
သည်။ တံခါးတချပ်ပွင့်သွားပြီးနောက်မှ ပေါ်လာသော
မျက်နှာဖြီးဖြီး ကို Luhanကုတင်ခေါင်းရင်းအားမှီ
ထားလျက်အနေအထားဖြင့် ပျင်းတိပျင်းရွဲ
လှမ်းကြည့်လိုက်သည်။

ခေါ်ပုံကိုကကြည့် ! မျောက်လောင်းတဲ့။
Byun Baekhyunသည် သူ့သူငယ်ချင်းမှ
ဟုတ်ပါရဲ့လား?

တဆက်တည်းမှာ လည်ပင်းမှနေချိတ်သိုင်းထားသောသူ့ညာဘက်လက်သူ Luhan ငုံ့ကြည့်မိပြန်သည်။

လှေကားပေါ်မှပြုတ်ကျသဖြင့် အက်သွားသောထို
လက်ရိုးသည် ဘယ်အချိန်ဆက်မည်မသိ။
Luhan့မှာတော့ မျောက်လောင်းနာမည်တွင်
နေချေပြီ။

"ဘာလဲ မင်းကငါလာတာမပျော်ဘူးလား ။
မင်းပဲခေါ်ထားပြီးတော့ စားချင်တယ် ဂျီကျလို့ ငါ
ပီဇာလဲဝယ်လာတယ်လေ Hyung
ယူလာလိမ့်မယ်"

"Bossပါ ပါလာတာလား?"

"အင်း……"

Luhan ရေးသော Fiction၏အပိုင်းသစ်ထွက်ပြီး
တာ ဒီနေ့နဲ့ဆို၎ရက်တိတိရှိပြီဖြစ်သည်။ [ တနည်း Luhan့လက် ပတ်တီးစာမိတာ
၎ရက်ရှိပြီဆိုသည့် သဘောပါလေ ]

မတော်တဆမှုဖြစ်ပြီးတည်းကLuhanခွင့်ရက်ရှည်ရ
ကာ အိမ်မှာအနားရနေသည်။ နဂိုတည်းက
ရုံးချုပ်မလာတလှည့် လာတလှည့်မို့ ပြဿနာသိပ်မရှိ
လှသော်လည်းသူ့မတော်တဆမှုကိုသိသော
ဝန်ထမ်းတော်တော်များများသည် ဖုန်း
မှနေတဆင့် သတင်းလှမ်းမေးကြသည်မှာ ရာထောင်ချီ။

လက်ထိထားပါသည်ဆိုကာမှ သူတို့စိတ်ပူမှုကြီးတွေကို
ပြန်အသိအမှတ်ပြုရသည်မှာ သောက်လုပ်တလုပ်
ဖြစ်နေသည်။
သည်းမခံနိုင်သည့်အဆုံး Luhan့မှာ ဖုန်းကို
စက်ပိတ်ပစ်လိုက်ရတော့သည်။ အဲ့လိုဆိုပြန်တော့လဲ
ပျင်းရသည်မှာ အငွေ့တောင်ပျံတော့မတတ်ဖြစ်သဖြင့်
ကြိုးဖုန်းဖြင့် Baekhyunကိုလှမ်းခေါ်
ကာ အိမ်လာခဲ့ဖို့ပင့်ရတော့သည်။

"Boss တယောက်တည်းလား?"

"အင်းပေါ့ ဘယ်သူပါရဦးမှာလဲ?"

ပကတိရိုးသားနေသောမျက်နှာလေးဖြင့် စားပွဲပေါ်မှာ
ရှိသည့် ရေဘူးထဲမှရေများငှဲ့သောက်သည်။

Notice : Love isn't allowed Where stories live. Discover now