Act 28 : It's time [Unicode]

1.1K 84 1
                                    

Sehunအိမ်ပြန်ရောက်သည့်အချိန်သည် ည
သန်းခေါင်စွန်းကျော်စပြုနေလေပြီ။

အရင်နေ့တွေအတိုင်း ဆိုဖာပေါ်အိပ်ပျော်နေပြီဖြစ်
သော Luhanအား တချက်လှမ်းကြည့်လိုက်ကာ
ခြေသံမထွက်စေအောင်သတိထားလျက် မီးဖိုခန်းထဲ
လျှောက်သွားလိုက်သည်။

ရှင်းလင်းနေသောထမင်းစားစားပွဲပေါ် ယူလာသည့်
အစည်းအဝေးမှတ်တမ်းများ ဖတ်ရမည့်ဆောင်းပါးများ
နှင့် laptopကိုချထားလိုက်ပြီးရေခဲသေတ္တာဖက်
ဦးတည်သွားလိုက်သည်။

အစီအရီထည့်ထားပြီးဖြစ်သောပန်းသီးများနှင့်တခြား
သစ်သီးများသာမက အခွံခွာလို့အစိတ်များစိတ်ကာ
ထည့်ထားသည့်ပန်းသီးဘူး တဘူးကိုပါတွေ့လိုက်ရ
သည်။

ရေခဲရေတဘူးသာဆွဲထုတ်လို့မော့သောက်လိုက်ပြီး
ထမင်းစားပွဲရှိရာသို့ပြန်လာလိုက်သည်။

တညနေလုံးခေါင်းစိုက်ချလုပ်သည့်တိုင်အလုပ်တွေ
ကမပြတ်နိုင်သေး။ နက်ခ်တိုင်ကိုဆွဲဖြုတ်လို့လျှော့ချ
လိုက်ပြီး ထိုင်ခုံတွင်ဝင်ထိုင်ကာ laptopဖွင့်လိုက်
သည်။

ထမင်းစားခန်းမှလင်းနေသည့်မီးအလင်းရောင်သည်
အိပ်နေသည့်Luhan့ကိုအနှောင့်အယှက်မဖြစ်စေဖို့ Sehunမျှော်လင့်သည်။
သို့ပေမဲ့လည်း ကြားလိုက်ရသည့် ခြေသံဖျော့ဖျော့
ကြောင့် Luhanနိုးသွားမှန်းသိလိုက်ရပြန်သည်။

ဖတ်လက်စစာမပြီးသေးတာကြောင့် Sehun
မော့မကြည့်ဖြစ်။
မျက်လုံးထောင့်စွန်းများမှနေ Luhan ရေခဲသေတ္တာ
ဆီလျှောက်သွားပြီးတကုတ်ကုတ်အလုပ်ရှုပ်နေတာ
တော့မြင်နေရသည်။

လျှပ်စစ်မီးဖိုဖွင့်လိုက်ပြီး တခုခုကျိုနေသည်ကိုလည်း Sehunလိုက်မကြည့်ပါပဲသိရပြန်သည်။

မိနစ်အနည်းငယ်ကြာမှ ပျံလာသည့်နွားနို့နံ့သင်းသင်း
ကြောင့် Sehun တယောက် Luhan့အားမော့
ကြည့်လိုက်သည်။ Luhanကသူ့ကိုကြည့်မနေပဲ
ဖန်ခွက်ရှာရင်းအလုပ်များနေသည်။

မီးဖိုခန်းထဲ ထမင်းစားဖို့ကလွဲ ဝင်လေ့ဝင်ထမရှိသူမို့
ဖန်ခွက်တွေဘယ်မှာရှိကြောင်း ပြောလိုက်ဖို့
Sehunပြင်လိုက်ချိန်မှာပဲ Luhanက
အောင်မြင်စွာရှာတွေ့သွားသည်။

Notice : Love isn't allowed Where stories live. Discover now