Act 9 : Friends with benefits [Unicode]

1.1K 80 0
                                    


"မင်းကတော့တကယ်မလွယ်ကြောနော်
Oh Sehun"

ကိုယ့်ဘာသာအေးရာအေးကြောင်း သဲသောင်ပြင်ပေါ်
အခင်းခင်းလို့ဇိမ်ခံလှဲရင်းနေပူဆာလှုံနေခိုက် ဘေးနား
မှာဝင်ထိုင်ပြီးအလွတ်ကြီးလာပုတ်ခတ်နေသည့်
Park Chanyeolအားနားမလည်ခြင်းပေါင်း
များစွာဖြင့်Sehunကြည့်ပေးလိုက်သည်။

Chanyeolသည်ခေါင်းတခါခါဖြင့် ချထားသည့်
ဘီယာဘူးတွေထဲမှတဘူးကိုဆွဲယူဖွင့်သောက်ရင်း
အနောက်ဘက်ဆီလက်ညိုးထိုးပြသည်။
Sehun နေကာမျက်မှန်ကိုဆွဲချွတ်ကာ
Chanyeolညွှန်ပြသည့်နေရာဆီကြည့်မိလေတော့
ကမ်းခြေဘက်ဆီလျှောက်လာသည့်
Luhanနှင့်Baekhyunမှလွဲ ထူးထူးခြားခြား
ဘာမှမတွေ့။

"ဘာကိုပြချင်တာလဲဟ??"

"Luhan နဲ့ သူ့ရဲ့ အသစ်အသစ်ပွားလာတဲ့
လတ်လတ်ဆတ်ဆတ်အမှတ်အသား
လေးတွေလေ"

"သြော်.……"

"သြော်??? ……"

"အင်းလေ…… သြော်……"

Chanyeol တခုခုပြောဖို့ကြံနေသည့်အချိန်မှာ
ပင် Luhanနှင့်Baekhyunတို့အနားကိုရောက်
လာသောကြောင့် ပါးစပ်ပိတ်သွားသည်။
Sehunသည် ပင်လယ်ဘက်ကိုမျက်နှာမူကာ
ဟိုဟိုဒီဒီလျှောက်ကြည့်လျက်နေစဉ်Baekhyunက Chanyeol၏ပါးနှစ်ဖက်နှင့်နှုတ်ခမ်းတို့ကိုငုံ့နမ်း
လိုက်ပြီး

"Babe ပင်လယ်ထဲဆင်းမို့…ဖြစ်တယ်မလား Hyung"

"ဖြစ်တာပေါ့။ ဒါပေမဲ့ Babe အကျႋီမချွတ်ရဘူးနော်"

"ဟာ…Boss အကျႋီမချွတ်ပဲနဲ့ ဘာလို့ရေဆင်းကူး
မှာတုန်း"

"ငါ မင်းကိုမပြောဘူး Luhan… ဒါမဲ့ မင်းလဲ
အကျႋီဝတ်ထားသင့်တယ်မထင်ဘူးလား ဟမ်??"

ရှပ်အကျႋီပါးပါးတထည်ကိုကြယ်သီးလုံးဝမတပ်ပဲ
ဝတ်ထားသည့် Luhanသည် Chanyeolစကားအဆုံး၌ ရှပ်ကိုချွတ်ချလိုက်ပြီးပင်လယ်ဘက်အာရုံ
စိုက်နေဆဲဖြစ်သောOh Sehunပေါ်ကို
လှမ်းပစ်တင်လိုက်သည်။

"ကျစ်……Luhan."

Sehunမျက်နှာမူလိုက်ကာမကျေမချမ်းရေရွတ်လိုက်
ပါမှ ပခုံးတွန့်ပြရင်း Baekhyunလက်ကိုဆွဲလို့
ကမ်းခြေဘက်ဆီအော်ဟစ်ဆင်းသွားသည်။Chanyeolကတော့စိတ်ပျက်လက်ပျက်ခေါင်းခါ
ရင်းဖြင့်သာ ဘီယာတွေတငုံပြီးတငုံသောက်နေသည်။

Notice : Love isn't allowed Where stories live. Discover now