Act 3 : Always Him

13.4K 914 39
                                    


ခြံဝန်းရှေ့ကားထိုးရပ်လိုက်သည်နှင့် အိမ်တဝန်း
လုံးမီးထိန်ထိန်လင်းနေသည်ကိုတွေ့ရပြီးနောက်
Sehunမျက်နှာရှုံ့မဲ့သွားသည်။

"အယုတ်တမာလေးပြန်ရောက်နေပြီပေါ့"

ဟုတ်တယ် အယုတ်တမာလေး Luhan
Sehunကိုပစ္စလတ်ခပ်ထားခဲ့တဲ့ဟာလေး
အလုပ်လုပ်နေတဲ့အချိန်တလျှောက် ဒင်း
လုပ်ခဲ့တာနဲ့Oh Sehunမှာ ဗရမ်းပတာတွေကို
ဖြစ်လို့......

ပြန်တွေးရင်လဲဒေါသလက်တဆစ်ထွက်လာရုံ
အပြင်ဘာမှမရှိသည်မို့ Sehun ကားထဲကနေ
သာထွက်လိုက်ပြီး သော့ဖွင့်လျက်သာခြံတွင်း
သို့ဝင်လာလိုက်သည်။

အိမ်တံခါးဖွင့်ပြီးဝင်လာလိုက်ပေမဲ့ တွေ့ရသည့်
အိမ်အတွင်းပိုင်းမြင်ကွင်းကရှင်းလင်းနေသည်။

Sehunသိသည်။ Luhanဒီအချိန်ဆို မီးဖိုချောင်
ထဲမယ် Laptopရှေ့ချလို့တဒေါက်ဒေါက်နှင့်စာ
ရေးနေလောက်ပြီ။ ဘေးနားဝယ် အမျိုးပေါင်း
များစွာသောမုန့်များပတ်လည်ချထားမည်ကိုဖြင့်
ပြေးကြည့်ရန်မလို။တွေးကြည့်ရုံနှင့်ပင်သိသည်။

အတူနေလာသည့်နှစ်နှစ်တာကာလတွင် Luhan့
အကြောင်းကို Sehun နောကျေနေပါပြီလေ။

သို့တိုင်အောင် ပြန်လာပါပြီဟုတကူးတကန့်
နှုတ်ဆက်နေစရာမလိုသည့်အတွက် Sehun
သူပိုင်ဆိုင်ရာ အိမ်အပေါ်ထပ်ဆီသို့တက်ကာ
သွားလိုက်သည်။

ဟုတ်သည်။ ဒီအိမ်နှင့်ဒီခြံသည် Sehunနှင့်
Luhanတစ်ယောက်တစ်ဝက်ပိုင်ဆိုင်ခြင်းဖြစ်
သည်။ Sehunကိုကား ဦးလေးဖြစ်သူ
Jun Myeonမှအမွေပေးထားခဲ့ခြင်းဖြစ်ပြီး Luhan့ကိုတော့ သူ့ဦးလေး Yi Xingမှအမွေ
ချန်ခဲ့ခြင်းဖြစ်သည်။

ထိုဦးလေးနှစ်ယောက်နှင့်ပတ်သတ်
ပြီး Sehunနှင့်Luhan အတူနေထိုင်ဖြစ်ဖို့ရာ
အကြောင်းပါလာသည်ဟုပြော၍လည်းရပါသည်။

့အမြင့်သိပ်ကြိုက်သည့်Sehunကအပေါ်ထပ်လုံး
ကိုအပိုင်စားယူထားသည်။ သူ့စိတ်ကြိုက်
အရောင်နုနု လေးများဖြင့်မွမ်းမံထားသည်။

မတော်တဆ အိမ်ကို ဧည့်သည်ရောက်လာပြီး
Sehunပိုင်ဆိုင်ရာအပေါ်ထပ်နှင့်Luhanပိုင်ဆိုင်
ရာအောက်ထပ်ကို လေ့လာမိပါက ဒါတအိမ်တည်းမှဟုတ်ရဲ့လားဟု ဇဝေဇဝါ
ဖြစ်သွားနိုင်သည်။

Notice : Love isn't allowed Where stories live. Discover now