Act 0 : April Fool

10.7K 701 112
                                    


"Oh………shit"

Luhan တယောက် lap topကိုပိတ်ချပစ်လိုက်ပြီး
အော်ပစ်လိုက်တဲ့အခါ မလှမ်းမကမ်းစားပွဲမှာထိုင်ပြီး
ငိုက်နေသည့် Baekhyunလန့်ဖြန့်နိုးသွားလေသည်။

မပွင့်တပွင့် အိပ်ချင်မူးတူးမျက်လုံးနဲ့ဖုန်းကိုဖွင့်ကြည့်
လိုက်တော့ မနက် ၁နာရီပင်ရောက်နေကြောင်း
ပြသည့် နာရီ နှင့် ဧပရယ်တရက်နေ့ဟုပြနေသည့်
ပြက္ခဒိန်ကြောင့် Baekhyun မျက်လုံးပြူးကာ
အိပ်ချင်စိတ်အကုန်ကြက်ပျောက်ငှက်ပျောက်
ဖြစ်ကုန်သည်။

မဖြစ်လို့လဲမရ။ ဧပရယ်တရက်နေ့မှာ အကုန်တန်းစီ
ထွက်လာမည့်Fictionအပိုင်းသစ်တွေကို Baekhyun တယောက် ပြန်စိစစ်နေတာ
ခုချိန်ထိမပြီးနိုင်သေး။

ဒီလိုလကုန်ပိုင်းဆို သူတို့စာပေတိုက်ကဌာနအကုန်
အလုပ်ရှုပ်ကြရသည်။

အခုမနက်တနာရီထိုးနေသည်ထိBaekhyun
မပြန်ရသေးတာပဲကြည့်တော့။ ကျန်တဲ့သူတွေဆိုတာ
လဲ Baekhyunငိုက်နေသည့်အချိန်တုန်းက
အသီးသီးပြန်သွားကြတာဖြစ်နိုင်သည်။

ခုဌာနထဲမှာ Baekhyunရယ် lap topပိတ်
ပြီး ဆူပုတ်ပုတ်ထိုင်နေသည့်Luhanရယ်
၂ယောက်တည်းရှိတော့သည်။

သူ့အော်သံကြောင့်လန့်နိုးပြီး အလုပ်လုပ်ဖို့သတိရ
သွားတာမှန်ပေမဲ့ Baekhyunကျေးဇူးမတင်နိုင်ပဲ
စားပွဲပေါ်တင်ထားသည့်ဘောပင်ခွက်ထဲမှာ
ဘောပင်တချောင်းယူကာ Luhanထိုင်နေသည့်
နေရာကိုလှမ်းပေါက်ရင်း

"မင်း အပိုင်းသစ်ကရေးပြီးဦးမှာလား??? Deadline
နီးမှကုန်းလုပ်တာလဲ ဘာသောက်ကျင့်မှန်းမသိဘူး။ "

"ဟေ့ကောင် စာရေးတယ်ဆိုတာ မုဒ်နဲ့ရေးရတာကွ
မုဒ် မုဒ် ဒီရင်ကြီးနဲ့ခံစားပြီးရေးတာ ပြီးပြီရောရေး
လို့မရဘူး"

Baekhyunအော်သံအမြင့်နှင့် မတိမ်းမယိမ်း
လေသံနင်းလို့Luhan
လိုက်အော်သည့်အခါ Fictionဋ္ဌာနအတွင်း
အော်သံတွေချိမ့်ချိမ့်ဆဲသွားသည်။

တခြားအချိန်တွေသာ Luhan နှင့် Baekhyun သည် ခွဲမရအောင်ပူးကပ်လို့ချစ်ရင်ချစ်မည်။
ဒီလိုအချိန်ရောက်လာလျှင်တော့ လက်ထဲဓား
တယောက်တချောင်းထည့်ပေးလိုက်တာနှင့်
ပွဲချင်းပြီးသွားနိုင်သည်။

Notice : Love isn't allowed Where stories live. Discover now