Act 8 : who knows

12.4K 731 148
                                    

"Luhan……"

ခေါ်နေသံကိုကြားသော်လည်းလှည့်ကြည့်စရာမလိုဟု
ထင်သောကြောင့် Luhan လှည့်မကြည့်ပဲ
ပုံမှန်ခြေလှမ်းနှင့်ပင် အခန်းရှိရာဆီသို့ဦးတည်
လျှောက်သွားလိုက်သည်။
ရေကူးကန်နှင့်ဟိုတယ်အခန်း ထိုမျှလောက်ဝေး
သည်ဆိုတာကိုပြန်မှပင် Luhanသိတော့သည်။

"Lu………Hann"

"tsk………"

နောက်မှခေါ်သံသည်ကားအဆက်မပြတ်သော်လည်း Luhan အရေးစိုက်ခြင်းမရှိပါပဲထပ်မံလျစ်လျူရှု
ပစ်လိုက်သည့်အခါ

"Luhan သတိမရဘူးလား??"

"Shit………Oh Sehun..."

နားရွက်တခုလုံးကိုငုံခဲလိုက်ပြီးလေသံတိုးတိုးဖြင့်မေး
လာပြီးသည့်နောက်မှာတော့Luhanချက်ချင်း
ပင်နောက်လှည့်ကြည့်ရတော့သည်။
တွေ့ရသည်မှာသူနှင့်မနီးမဝေးတွင်ဘောင်းဘီ
အိတ်ကပ်ထဲလက်တဖက်ထည့်ပြီးမတ်တပ်ရပ်နေတဲ့
Oh Sehun။

Luhan့ခပ်စူးစူးအကြည့်ကိုမြင်တော့ မျက်ခုံး
တဖက်ပင့်ကာ ခပ်ဟဟရယ်လျက်

"အခုမှပဲလှည့်ကြည့်တော့တယ် ။ ငါသုံးလိုက်တဲ့
နည်းက အရမ်းစွမ်းသွားတယ်ထင်တယ်"

*fuck u*

"ရတယ်လေ ။ ငါကအမြဲတမ်းအဆင်သင့်ပဲ"

Luhanအသံတိတ်ဆဲရေးလိုက်သည်ကို Sehun
ပြန်တုံ့ပြန်လိုက်သည့်နည်းကနည်းနည်းတော့
ထိရောက်သွားသည်။

လျစ်ကနဲ Luhan ပြုံးလိုက်သည်ကို မြင်ဖြစ်
အောင်မြင်သွားသည့် Sehunက Luhan့နဲ့ပိုနီး
သွားအောင်တိုးကပ်လာရင်း

"ကြည့်ရတာ မင်းငါ့ကိုဦးဆောင်ဖို့ စဉ်းစားနေပြီ
ထင်တယ်"

Sehunစကားကြောင့် Luhan ရယ်လိုက်ပြီး
ပခုံးတွန့်လိုက်သည်။
အနည်းငယ်ရဲကာဖောင်းကြွနေသည့် Sehun
နှုတ်ခမ်းလွှာတွေနောက် ဖြောင့်စင်းနေသည့် နှာတံ
တလျှောက် နောက်ဆုံးမှာတလက်လက်တောက်ပ
နေသည့်မျက်ဝန်းတစုံထဲထိထိမိမိစိုက်ကြည့်လိုက်ပြီး

"ရေကူးကန်ဘေးနားမှာ ငါ့ကို မိန်းမလို့သုံးသွားတာ
ဘယ်သူပါလိမ့်အဲ့ဒီသူက ဦးဆောင်ချင်လို့ပဲ
ဒီထိလိုက်လာတာ မဟုတ်ဘူးလား?"

Notice : Love isn't allowed Where stories live. Discover now