ရုံးပြန်တက်ရသည့်တနင်္လာနေ့မနက်ခင်းသည်
Sehun အတွက် အနည်းငယ်ပုံမှန်ဆန်သည်။အိပ်ယာဝင်နောက်ကျလို့ ရုံးချိန်အမှီ
မာရသွန်နှုန်းဖြင့်ပြင်ဆင်ရသည်မှာလဲ ပုံမှန်။
ကားပိတ်လှသည့်လမ်းမကြီးများသည်လည်းပုံမှန်။
ရုံးခန်းသို့သွားရာလမ်းတလျှောက်
ပြုံးပြနှုတ်ဆက်ကြသည့်ဝန်ထမ်းကောင်မလေးများ
အရေအတွက်သည်လည်းပုံမှန်ဖြစ်ခဲ့သည်။ပုံမှန်မဟုတ်သည်မှာ ရုံးခန်းတံခါးဖွင့်လိုက်သည်နှင့်
ဆီးကြိုနေသောBoss Park၏ တင်းတင်းမာမာ
မျက်နှာဖြစ်သည်။"Oh Sehun မင်းညကLuhan့ကိုဘာသွား
လုပ်လိုက်လဲ??"နောက်ထပ်ပုံမှန်မဟုတ်သည်မှာ Luhan
ဆိုးလ်သို့ပြန်လာပြီဖြစ်လျက်နှင့် မနက်အိပ်ယာထထချင်း ရုံးမသွားခင် Luhan၏ညစ်ညစ်ပတ်ပတ်မျက်နှာလေးကိုမမြင်ရခြင်းဖြစ်သည်။Sehun တယောက် သက်ပြင်းသာချပြီး Boss Park ရပ်နေသည့်နေရာကိုကွေ့ပတ်ရှောင်ကာ သူ့အလုပ်စားပွဲဆီသာတည့်တည့်မတ်မတ်သွားပါလို့ ထိုင်ချလိုက်လေသည်။
"ရည်းစားစကားပြောလိုက်တာ"
"သေစမ်းပါကွာ ဘာလို့သွားပြောတာလဲ?"
"ဟ……လူပျိုကလူပျိုကို လူပျိုစကားပြောတာ
ဆန်းလား""ဟ …… Oh SehunကLuhan့ကို သွားပြော
တာတော့စောင်ရမ်းဆန်းတယ်ဟေ့ …
အဲ့လိုဝုန်းဒိုင်းကျဲသွားပြောတော့ဟိုက……
ဟုတ် ကောင်းပါတယ် အယ်ဒီတာချုပ်Oh
ကျွန်တော်လဲ ခင်ဗျားကိုချစ်ပါတယ်ခင်ဗျာ့ လို့
ပြောမယ်ထင်လို့လား"ပြုံးလိုက်မဲ့လိုက် မျက်နှာအမူအရာအမျိုးမျိုးပြောင်းကာ
ပြောနေသည့် Chanyeol ပုံစံသည် ရယ်ချင်စရာ
ကောင်းပါသော်လည်းSehunရယ်ချင်စိတ်မရှိပဲ
စားပွဲပေါ်အထပ်လိုက်တင်ထားသည့်
ဆောင်းပါးစာမူကြမ်းများကိုဖတ်ဖို့လှမ်းဆွဲယူလိုက်သည်။"Oh Sehun ငါစကားပြောနေတယ်"
"ငါ အလုပ်လုပ်မလို့လေ Bossရာ"
"ဘာလို့သွားပြောတာလဲ တဲ့တိုးကြီးဘာလို့သွား
ပြောတာလဲလို့ဆို"
YOU ARE READING
Notice : Love isn't allowed
Fanfiction"မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ" "မင်းငါ့ကိုမချစ်ရဘူးလေ ငါလဲမင်းကိုမချစ်ဘူးလေ" "No love between us ပါကွာ"