Act 29 [1] : Who | My Dad

7.7K 944 198
                                    


' မင်းတို့ပြန်ချင်တဲ့အချိန်ပြန် လာချင်တဲ့အချိန်လာ
ခွင့်ယူချင်တိုင်းယူရအောင် ငါ့စာပေတိုက်က
ဇရပ်လား '

ဖုန်းထဲကနေဟိန်းကနဲထွက်လာသည့်Boss Park
၏အောင်မြင်လှသောအသံကြောင့် Luhan ဖုန်းကို
နားနှင့်ခပ်ဝေးဝေးမှာထားလိုက်ရသည်။

စက္ကန့်အတော်ကြာငြိမ်သက်သွားပြီးမှ Boss
ထပ်ပြီးစကားစမလာခင်

' ဇရပ်မဟုတ်လို့ပဲ Bossကိုခုလို တိုက်ရိုက်
တလေးတစားခွင့်တိုင်နေတာပေါ့ ကျွန်တော်နဲ့
Oh Sehun ခွင့်ယူမယ်နော်
ဘယ်လောက်ကြာမှန်းတော့မသိသေးဘူး 
ဒါပဲနော် Boss '

' ဟေ့ကောင်………

ဖုန်းနှင့်အတူသက်ပြင်းပါချပစ်ပြီး ဘေးနားမှာထိုင်နေ
သည့်Sehunအားစောင်းငဲ့ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့ကိုငေးကြည့်နေသည့် မျက်ဝန်းများနှင့်တိုးလေသည်။ အချိန်ကြာကြာ
မျက်ဝန်းချင်းစုံမိပြီးကာမှအကြည့်လွှဲကာ Sehun
လက်ထဲမြည်နေသည့်ဖုန်းကိုဆွဲယူလို့ Luhan
စက်ပိတ်ပစ်လိုက်သည်။

သူ့ဖုန်းကိုလည်းစက်ပိတ်ပြီးသားမို့ ခုချိန်ကစပြီး
Boss ဘယ်လောက်ပဲဖုန်းခေါ်ခေါ် သူတို့ကိုနှောင့်ယှက်
နိုင်တော့မှာမဟုတ်ပါ။

သူကတော့ အလုပ်ဖြုတ်မယ်ဆိုလည်း ဒီစာပေတိုက်
မဟုတ်ရင်ကမ်းလှမ်းထားတဲ့စာပေတိုက်တွေ
အများကြီးရှိသားပဲ။
Oh Sehunလည်း ကမ်းလှမ်းခံရတဲ့နေရာတွေ
အများကြီးရှိတာပဲ။ မကြောက်ပါ။ နောက်ပြီး
Boss Park Chanyeolကအပြောပဲရှိတာ
သူငယ်ချင်းသံယောဇဉ် လုပ်ဖော်ကိုင်ဖက်သံယောဇဉ်
တွေနဲ့ သူတို့ကိုအလုပ်မဖြုတ်ရက်ပါဘူး။ Luhan
သိသား။

Sehunမျက်နှာကိုတစိမ့်စိမ့်ပြန်ကြည့်မိသည့်နောက်
ဒီတခါSehunကအရင်ဦးအောင် အကြည့်လွှဲသွားပြီး
ရထားအပြင်ဘက်မြင်ကွင်းများကို မှန်ပြတင်းပေါက်က
တဆင့် ကြည့်ချင်ယောင်ဆောင်နေသည်။

ဟုတ်တယ်……Luhan့ကိုမျက်နှာချင်းမဆိုင်ချင်၍
သက်သက်အာရုံလွှဲနေခြင်းဖြစ်သည်။

"ငါကိုယ်တိုင်မင်းကိုခေါ်ပြီး မင်းအဖေနဲ့တွေ့ဖို့
သွားနေတာတောင် မင်းကငါ့ကိုလျစ်လျူရှုနေတုန်းလား"

Notice : Love isn't allowed Where stories live. Discover now