Act 27 : I want to be with him

9K 862 378
                                    


တညလုံး Luhan့ကို ရင်ခွင်ထဲထည့်လို့ပွေ့ကာ
ဖက်အိပ်ခဲ့သောကြောင့်ထင်သည် ဆိုဖာပေါ်အိပ်
ရခြင်းဖြစ်သော်လည်း သက်တောင့်
သက်သာရှိနေသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော
မျက်နှာသည် Luhan့မျက်နှာလေးဖြစ်နေသော
ကြောင့်ထင်သည်
မနက်ခင်းနေရောင်ခြည်မတွေ့ရသေးသော်လည်း
စိတ်ထဲနွေးနေသည်။

နဖူးပြင်ထက်ဝဲကျနေသည့် ဆံပင်လေးများကို
သပ်တင်ပေးလိုက်ပြီးထိတွေ့ရုံလောက်ဖွဖွလေး
နမ်းလိုက်သည်။ မျက်ခုံးလေးများရှုံ့သွား
သော်လည်း အိပ်မောကျနေဆဲLuhanသည်
နိုးမလာခဲ့သေး။

နှုတ်ခမ်းများသည်အလိုလိုပြုံးမိပါရင်း ပါးပြင်တဖက်ကို
အသာပွေ့ယူကာ လက်မဖြင့်ဖြည်းဖြည်းသက်သာ
ထိတွေ့မိပြန်သည်။
Luhan့ကိုမြင်နေရရင်ကို ထိတွေ့ကြင်နာချင်စိတ်
ကတားဆီးမရမြဲဖြစ်သောကြောင့် Sehunမှာ
ဘယ်လိုမှမတတ်နိုင်ပါလေ။

ပွင့်အာနေသည့်နှုတ်ခမ်းလွှာလေးများကို မက်မက်
စက်စက်နမ်းလိုက်ချင်ပါသော်လည်း Luhan
အိပ်ပျက်သွားမှာဆိုးလှသည်။

အချိန်အားဖြင့် ခြောက်နာရီစွန်းစွန်းသာရှိသေးသော
ကြောင့်Luhan့အားထပ်အိပ်စေချင်သေးသည်။
သူမရှိသည့်နှစ်ပတ်အတွင်းLuhanကောင်းကောင်း
မအိပ်ရကြောင်း အညိုရောင်သိမ်းနေသည့်
မျက်လုံးအောက်နားလေးများမှ သက်သေပြနေသလို
ရှိသည်။

ထို့ကြောင့် ခုအချိန်ခဏတွင် သူ့ရင်ခွင်ထဲထွေးဖက်
ထားပြီးLuhan့အားနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်စေ
ချင်သည်။

လေနွေးနွေးငွေ့ငွေ့လေးများသည် Sehun ရင်ဘတ်
အပေါ်ပိုင်းလည်ပင်းနားတဝိုက်ကိုဝေ့တိုက်နေသည်။

ပုံမှန်အကွာအဝေးထက်နီးလွန်းနေသောကြောင့်သာ Luhan့အသက်ရှူသွင်းရှူထုတ်သည့်လေငွေ့များ
သည်Sehunအားလာရောက်ထိခတ်နေခြင်းဖြစ်
သည်။

နိုးသွားမည်ဆိုးသောကြောင့်Sehunမှာအသက်ပင်
ရဲရဲမရှူရဲပါ။ လွတ်လွတ်လပ်လပ်အိပ်မော
ကျနေသောLuhan့မျက်နှာလေးကို
သာခပ်ကြာကြာငေးမောကြည့်မိနေရင်း ဆိုဖာနားသို့
လာရပ်သည့်လူတယောက်ကြောင့် အလျင်အမြန်
မော့ကြည့်မိလေတော့

Notice : Love isn't allowed Where stories live. Discover now