Act 24.5 : How to erase [Unicode]

1.2K 95 2
                                    


'တစ်အချက် သူ မင်းအနားမှာရှိနေတဲ့အတိုင်း
သူ့နာမည်ကို ခဏခဏခေါ်နေမိမယ်'

"Oh Se………!"

Luhan အော်ခေါ်မိတော့မလိုဖြစ်သွားသည့်ပါးစပ်
ကိုပိတ်လိုက်ရင်းရေစိုနေသည့်ဆံပင်များကိုသာ
အမွှေးပွသဘက်ဖြင့်နာနာဖိသုတ်မိသည်။

သို့ပေမဲ့ တချက်နှစ်ချက်လောက်သာသုတ်လိုက်ပြီး
သဘက်ကို ကုတင်ပေါ်ပစ်တင်လိုက်ပြန်သည်။

အရင်ကလဲOh Sehun ခရီးခဏခဏထွက်နေ
ကြပေမဲ့ ခုလိုအိမ်ကြီးထဲမှာတယောက်တည်းကျန်ခဲ့
ရတာ ထိုမျှလောက်ပျင်းစရာကောင်းမည်ဟုမထင်ခဲ့။

"ငါ စာရေးရမယ် စာရေးရမယ် စာရေးဖို့လိုနေတာပဲ"

ပျင်းတိပျင်းခြောက်ဖြင့်အထီးကျန်သလိုခံစားချက်ကြီး
သည် သူ၏ဇာတ်ကောင်များနှင့်အချိန်အတော်ကြာဝေး
နေရခြင်းကြောင့်သာဖြစ်မည်ဟု Luhan ကောက်
ချက်ချလျက် သင့်တော်ရာတီရှပ်နှင့်ဘောင်းဘီတိုကို
ဆွဲထုတ်ဝတ်ဆင်ပြီး laptop မယူကာအိပ်ခန်းထဲ
မှထွက်လာလိုက်သည်။

ဆံပင်ကတော့ရေစက်လက်ဖြင့်ဖြစ်နေသည်။
ခေါင်းကိုက်လာလျှင်သောက်ဖို့ဆေးပေးမည့်သူမရှိပေမဲ့ကိစ္စတော့မရှိ။ ကိုယ့်ဘာသာယူသောက်လိုက်လျှင်ရသည်။ ဒါပေမဲ့ ဆေးတွေဘယ်မှာထားလဲ Luhanမသိ။ဆေးယူပေးတာဆေးတိုက်တာတွေက
Oh Sehunပဲလုပ်နေကြဆိုတော့။

စာရေးကြနေရာဖြစ်သည့် ထမင်းစားပွဲမှာ
ဆယ့်ငါးမိနစ်နီးပါးထိုင်ပြီးသည့်နောက်Luhan
လှုပ်လှုပ်ရွရွဖြစ်လာပြန်သည်။ ပထမဆုံး
စာကြောင်းမှမတက်သေးသော စာမူအခြေအနေကို
ကြည့်ပြီးLuhan မချိပြုံးပြုံးလိုက်သည်။
သူလိုနေတာ စာရေးဖို့မဟုတ်ဘူးပဲ။

'နှစ်အချက် သူများ ဆက်သွယ်လာမလားလို့
ဖုန်းကိုခဏခဏကြည့်နေမိမယ်'

ကောက်ကိုင်လိုက်မိသည့်ဖုန်းကို စားပွဲပေါ်ဖြတ်ကနဲ
မှောက်တင်ပစ်လိုက်ပြီး ထိုင်နေရာမှထရပ်လိုက်သည်။
လွန်ခဲ့သည့်တနာရီလောက်ကမှ ဖုန်းဆက်စကားပြောထားသည်ပဲ။ Oh Sehunကထပ်ခေါ်စရာ
အကြောင်းမရှိပါ။ နောက်ပြီး ဖုန်းကြည့်မိတာကလဲ
အသစ်ရေးဖြစ်သည့်ဝတ္ထုတိုနှင့်ပတ်သတ်ပြီး Boss
ဆီမှစကားတခုုခုများကြားရမလားလို့။ Oh Sehun
ဖုန်းကိုစောင့်နေခြင်းလုံးဝလုံးဝမဟုတ်ပါ။

Notice : Love isn't allowed Where stories live. Discover now