
Начните с самого начала
                                    

==================

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၀)

တေးဟာခန်သည် ကမာ၏ စကားကို ကြားသော် ဝမ်းသာလွန်းလို့ လက်လေးကို ဆုပ်နယ်လိုက် မိသည်။
ကမာသည် မင်းကြီး၏ အမူအယာအရ မိမိကို လိုလားနေသည်ကို သိသော် ထိုင်ရာမှထကာ မင်းကြီးကို အိပ်ဆောင်ထဲ ခေါ်သွားလိုက်တော့သည်။
တေးဟာခန်သည် ကမာ၏ အလိုက်သိမှုကြောင့် ကျေနပ်စွာလိုက်ပါသွားတော့သည်။

နန်းတော်ထဲသို့ ကမာ နှင်းမိဖုရားအဖြစ်ရောက်လာတာ ဘာလိုလိုနှင့် ၈လကျော်ခဲ့လေပြီ။ နှင်းမိဖုရား၏ နန်းဆောင်နှင့် ရေကန်ပါသောဥယျာဉ်ပြီးတာလည်း ၃ လရှိခဲ့ပြီ။ နန်းတွင်းတွင် မင်းကြီးက မိဖုရားခေါင်ကြီးထက် တန်ခိုးကြီးသောနှင်းမိဖုရားသည် ဘယ်တော့မှလူရှေ့သို့မထွက် ခဲ့ပါ။ ဒါကလည်း နှင်းမိဖုရား၏ တောင်းဆိုချက်ကို မင်းကြီးဖြည့်ဆည်းပေးခြင်းဖြစ်သည်။

ဘုရင်ထက်ပင် သြဇာအာဏာကြီးသော နှင်းမိဖုရားသည် တိုင်းသူပြည်သားများ၏ နူတ်ဖျားဝယ် ပုံပြင်တစ်ပုဒ်ဖြစ်နေသည်။ နှင်းမိဖုရားက ချမ်းအေးလှသော ဆောင်းတွင်းတွင် ကလေးများကို အနွေးထည်ဝေမျှပေးသည်။ အိမ်ခြေရာခြေမဲ့များအတွက် ဒုက္ခသည်စခန်းဖွင့်ပေးသည်။ ခိုကိုးရာမဲ့ အဖိုးအဖွားများအတွက် စောင့်ရှောက်ရေးဂေဟာ ဖွင့်ပေးသည်။

နတ်သမီးလေးလို လူတွေကို ကူညီသော နှင်းမိဖုရားကို လူအများက လုံးဝမမြင်ဖူးပါ။
တေးဟာခန်သည် ကမာကို ရတနာများစွာပေးပို့သော်လည်း ကမာတောင်းဆိုသည်က ပြည်သူလူထု အတွက် အကူအညီများဖြစ်သည်။ ပထမ ၇တနာများပေးသည်ကို မဝတ်သောကြောင့် စိတ်ဆိုး သေးသည်။ သို့သော် ကမာရှင်းပြသည်ကို ကြားပြီးနောက် တေးဟာခန်က ကမာဖြစ်ချင်သည် အရာအားလုံးကို ပေးတော့သည်။

တင်မော်ရင်သည် ကမာ့ထံသို့ တွေ့ခွင့်မရှိသော်လည်း မင်းကြီးအတွက် ရွတ်ရွတ်ချွံချွံ အမှုထမ်း သောအခါ နန်းတွင်းရှိ အမှုထမ်းများကို အုပ်ချုပ်ရသည့် အကြီးအကဲနေရာကို ရရှိလာခဲ့သည်။
တင်တက်ရင်ကတော့ နာကျင်သည့် နှလုံးသားကို နယ်စပ်များတွင် ကုစားသော်လည်း နည်းနည်းမှ သက်သာခြင်းမရှိခဲ့ပေ။ စားလည်း ကမာ။ အိပ်လည်းကမာ။ တာဝန်ထမ်းဆောင်ချိန်တွင်သာ ကမာကို သိပ်သတိမရပေ။
တင်တက်ရင်သည် အလုပ်ကို မနားတမ်း လုပ်ဆောင်သည်။ စစ်တပ်ကို တိုးချဲ့သည်။ မိမိ၏ လက်ရုံးရည်ကို လေးစားလို့ ခိုဝင်လာသော ဓါးပြအဖွဲ့များကို လက်ခံကာ မိမိလက်အောက်တွင် ထားရှိသည်၊

နယ်စပ်တလျှောက်ရှိ သူပုန်စခန်းများကို အသက်ကို မငဲ့တမ်း တိုက်ခိုက်သည်။
"နတ်ကျားကြီးတင်တက်ရင် "

"နတ်စစ်သည် တင်တက်ရင်"

"စစ်နတ်ဘုရား တင်တက်ရင်"

တင်တက်ရင်၏ အမည်သည် နယ်စပ်သာမက အိမ်နီးချင်းနိုင်ငံများကို ပါ လေးစားလာစေသည်။
တင်တက်ရင်၏ စစ်တပ်သည် စည်းကမ်းသေဝပ်သည်။ တင်တက်ရင်သည် မင်းကြီး၏ လျှိုု့ဝှက် စစ်တပ် ထက်သာအောင် မိမိတပ်ကိုလေ့ကျုင့်ပေးသည်။

နယ်စားကြိးများက မင်းကြီးထံ စစ်သူကြီးတင်တက်ရင်၏ စစ်တပ်အကြောင်း စာလွှာပို့ခဲ့သော်လည်း အားလုံး တင်မော်ရင်၏ လက်ထဲတွင် ပျောက်ကွယ်သွားရသည်။

နန်းတော်ထဲတွင် တင်မော်ရင်ကို အမတ်ချုပ်ကြီးထက်ကို ကြောက်ရသည်။
မင်းကြိးကတော့ မော်ရင်ကို ယုံကြည်သည်။ မော်ရင်ပြီးလျှင် ပြီးတာများသည်။
တင်မော်ရင်က ပါးသည်။ အမတ်ကြီးကို ကျော်ပြီး ဘာမှ မလုပ်ပေ။ အမတ်ကြီးကလည်း မော်ရင်ကို ယုံသည်။ မိမိသမီးဖြင့် မော်ရင်ကို လက်ဆက်ပေးရန် မင်းကြီးကို တင်လျှောက်ကာ လက်ထပ်ပွဲ ကျင်းပ ပေးသည်။

တေးဟာခန်လည်း ဝမ်းမြောက်စွာ လက်ဆက်ပေးလိုက်သည်။ မော်ရင်က မိမိယောက်ဖဖြစ်လာလေ ပြိ။ တင်မော်ရင်၏ လက်ထပ်ပွဲသို့ တင်တက်ရင် တက်ရောက်ရန် မြို့တော်သို့ ရောက်ရှိလာသည်။
တင်တက်ရင်သည် အိမ်ရှေ့တွင် မြင်းကို ရပ်ကာ အတွေ့နိုင်တော့သော ညီလေး ကမာကို သတိရ နေမိစဉ် အိမ်ထဲမှ ညီလေး ကမာ တကယ်ကို ထွက်လာသည်ကို တွေ့သော် တင်တက်ရင် မျက်လုံးများကို ပွတ်ကာ ကြည့်လိုက်မိသည်။

"အကိုကြီး...."

တင်တက်ရင်၏ အသည်းနှလုံးသည် နူတ်ခမ်းဖျားမှ တဆင့်ခုန်ထွက်သွားလေပြီ.။ မိမိ နယ်စပ်တွင် ရှိသည့် တလျှောက်လုံး ဘာလို့ရင်နာခဲ့ရသည်ကို ရုတ်တရက်နားလည်သွားသည်။ တကယ်တော့ မိမိက ကမာကို ညီလေးတစ်ဦးထက်ပိုချစ်မိသွားပြိဖြစ်သည်။

"ကမာ....."

တင်တက်ရင် ကမာကို စိုက်ကြည့်ကာ မလှုပ်ရှားနိုင်အောင် ဖြစ်မိသည်။ မိမိခြေလက်များကို ထိန်းချုပ်လို့ မရတောု့ပေ။ မိမိအသည်းနှလုံးက မိုးတိမ်ထက် သက်တန့်လို ရောင်စုံဖြာကာ ခုန်ပေါက် နေတော့သည်။

"ကမာလေး...."

တင်တက်ရင် ဒုတိယ အကြိမ်ခေါ်လိုက်မိစဉ် သေချာသွားသည်။ မိမိ ကမာကို အရမ်းချစ်မိနေပြီ။ မင်းကြီးကမာကို ဘယ်လောက်ချစ်မည်ကို မိမိရုတ်တရက်နားလည်သွားသည်။ ကမာလေး အရမ်းကို လှလာသည်။
တိမ်ယံထက်က လနတ်သမီးလေးလို အပြစ်ကင်းသည့် အလှနတ်ဘုရားလေးကို တင်တက်ရင် အသည်းနင့်အောင်ချစ်မိသွားလေပြီ။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁၆)

"အကိုကြီး ....အကိုကြီး..."

ကမာသည် မိဖုရားအဝတ်အစားဝတ်ထားသည်ကို မေ့ကာ ၈ လတိတိ မတွေ့ခဲ့ရသည့် အကိုကြီးူကို တွေ့သည်နှင့် သတိလက်လွှတ်ဖြင့် အကိုကြီး၏ ရင်ခွင်ထဲ ပြေးဝင်သွားမိတော့သည်။

"ကမာ...."

အကိုကြီးက တီးတိုးရေရွတ်ကာ မိမိကို ပြန်လည် သိုင်းဖက်ခြင်းမရှိခဲ့ပါ။ ကမာသည် သတိမထားမိပဲ အကိုကြီးမျက်နှာကို မော့ကြည့်ကာ အငမ်းမရ မေးလိုက်မိသည်။

"အကိုကြီး ဘယ်တွေ သွားနေတာလဲဟင်။ ကမာက အကိုကြီးကို စိုးရိမ်လွန်းလို့ ရူးရတော့မယ် သိရဲ့လား....အကိုကြီး ရက်စက်တယ်။ ကမာ့ကို ပစ်ထားတယ်။"

တင်တက်ရင်သည် ကမာ့ကို ငုံ့ကြည့်ကာ ပြန်ဖက်ထားချင်စိတ်ကို သေလုမျောပါး ထိန်းထားရသည်။

"မိဖုရား... မသင့်တော်ပါဘူး။"

ကမာသည် အကိုကြီး၏ မျက်ဝန်းစိမ်းနှင့် သူစိမ်းဆန်သော စကားသံကြောင့် သတိဝင်လာသည်။ မိမိ အကိုကြီးကို ဖက်တာကို မင်းကြီးသိလျှင် မိမိ အကိုကြီးကို လာတွေ့ခွင့်ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကမာ အကိုကြီးကို ကပျာကယာလွှတ်ကာ ခပ်ခွာခွာရပ်ကာ အရိုအသေပေးပြီး နူတ်ဆက် လိုက်သည်။

"အကိုတော် ကျန်းခံ့သာလို့မာပါစ..."

"မခံယူဝံ့ပါဘူး အရှင်မိဖုရား...."

တင်တက်ရင် တမင်ပြောလိုက်သည်။ ကမာကို မိဖုရားအဝတ်ဖြင့်မြင်နေ၇သည်က တင်တက်ရင်၏ ရင်ဝကို မြှား ၁၀စင်းတပြိုင်တည်းစိုက်နေသလို ခံစားရသည်။ ထို့ကြောင့် တင်တက်ရင် တမင် ပြောလိုက်မိသည်။

"ကျွန်တော်မျိုးတင်တက်ရင်မှ သခင်မကို ဂါရဝပြုပါတယ်။"

အကိုကြီး၏ စကားကို ကြားသောအခါ ကမာ မခံစားနိုင်တော့ပဲ မျက်ရည်ကျရင် အိမ်တော်ထဲမှ ပြေးထွက်သွားကာ နန်းတော်သို့ပြန်သွားတော့သည်။

"ကမာ...."

တင်မော်ရင် အပြေးလိုက်ခေါ်သော်လည်း ကမာ ကတောင်းပန်ကာ နန်းတော်သို့ပြန်သွား တော့သည်။ တင်မော်ရင်သည် မျက်နှာသေဖြင့် အကိုကြီးကို ကြည့်ကာ စိတ်မကောင်းဖြစ်သွား သည်။ ညီအစ်ကို အရင်းဖြစ်သောကြောင့် အကိုကြိး ကမာကို တွေ့သောအခါ စိတ်မချမ်းမသာ ဖြစ်သွားသည် သိလိုက်ကာ အပြစ်မတင်ရက်တော့ပေ။

"နောင်တော်... ကမာက နောင်တော် ပြန်လာမှာမို့ မင်းကြီးကိုတောင်းပန်ပြီး လာစောင့်နေတာပါ။"

တင်တက်ရင် ဘာတခွန်းမှ မပြောပဲ အိမ်ထဲတန်းဝင်သွားတော့သည်။ မိမိအခန်းထဲတန်းဝင်သွားပြီး အရက်အိုးကို တန်းမော့လိုက်တော့သည်။

"နောင်တော်...ဘာဖြစ်လာတာလဲ..."
တင်မော်ရင်က နောင်တော်ကို မေးလိုက်သည်။

"ဘာမှ မဖြစ်ဘူး မော်ရင်။ မင်းသွားတော့။ နောင်တော် နားချင်ပြီ။"

တင်မော်ရင်က ထွက်မသွားပဲ မေးလိုက်သည်။
"နောင်တော် ကမာကို ဘာလို့ အဲ့လို ဆက်ဆံလွတ်လိုက်တာလဲ။"

တင်တက်ရင်သည် အိပ်ယာထက် အရက်အိုးကို ဖက်ကာ အိပ်လိုက်ပြီး ပြောလိုက်သည်။

"မင်းကြီးလူတွေ နေရာတိုင်းမှာ စောင့်ကြည့်နေတယ် မော်ရင်။ ကမာကို မင်းကြီး အမျက်ရှလိမ့်မယ်။"

တင်မော်ရင် မယုံပါ။ နောင်တော် ကမာကို ဆက်ဆံလွတ်လိုက်တာ အတော်ဆိုးသည်။ တင်မော်ရင် တစုံတခုပြောမည်အပြု နောင်တော် မျက်နှာပေါ်မှ စိတ်မချမ်းသာရိပ်ကို တွေ့သောအခါ ဘာမှ ဆက်မပြောတော့ပဲ အခန်းထဲမှ ထွက်သွားတော့သည်။
တင်မော်ရင်မရှိတော့မှ တင်တက်ရင် မျက်လုံးဖွင့်ကာ ကမာ့မျက်နှာလေးကို တစိမ့်စိမ့်ပြန်တွေးနေ မိသည်။

"ကမာလေး...ကမာလေး....."

စတွေ့ကတည်းက နူနယ်သောကမာကို တင်တင်ရင် ကြင်နာခဲ့ရသည်။ ညီအဖြစ်မမွေးစားခင် မိမိလက်စေခံဘ၀ ကတည်းက အလိုက်သိတတ်သောကြောင့် သတိပြုမိခဲ့သည်။ မိမိအသက်ကို တာတာလုပ်ကြံသူ လက်မှကယ်ခဲ့ကတည်းက ညီအဖြစ်မွေးစားရန်ဆုံးဖြတ်ခဲ့စဉ် ကမာလေးကို ချစ်ခဲ့သည်။ မင်းကြီးထံတင်လျှောက်ကာ တရားဝင်ညီအဖြစ်အသိအမှတ်ပြုပြီးကတည်းက တင်မော်ရင်ထက်မသာတောင် မလျော့သော အချစ်နဲ့ ချစ်ခဲ့သည်။

မင်းကြီးက ကမာကို သိမ်းပိုက်တော့ ရင်ဝယ်နာကျင်ခြင်းနှင့် ညီကို မကာကွယ်နိုင်ခြင်းဆိုသည့် အရှက်များကြား တင်တင်ရင် သောကရောက်ခဲ့ရသည်။ မိမိတို့အတွက် မင်းကြီး၏ မိဖုရား ဘဝကို ကမာကိုယ်တိုင် လိုလိုလားလားလက်ခံခဲ့စဉ် မိဖုရားအဝတ်နှင့်ကမာကို တွေ့လိုက်တော့ တင်တင်ရင် ၏နှလုံးသားကွဲကြေခဲ့ရလေပြီ။

ညီကို ဆုံးရှုံးရလို့ နာကျင်တာလား။ ချစ်သူကို ဆုံးရှုံးရလို့ နာကျင်တာလားတော့မသိတော့။ သေချာ တာတော့ စစ်ပွဲတွင် သေလုမျောပါးဒဏ်ရာရခဲ့သည်ထက် နာကျင်ခံစားခဲ့ရသည်။ ငြိမ်မနေနိုင် လောက်အောင် တည်ငြိမ်မှုပျက်ပြားခဲ့ရသည်။

နယ်စပ်တွင် ငြိမ်မနေနိုင်လွန်းလို့ သူပုန်များ၊ ဓါးပြများကို တိုက်ခိုက်နှိမ်နှင်းခဲ့သည်။ နေ့ခင်းတွင် အလုပ်များသည့်အချိန်တွင် တော်သေးသည်။ ညရောက်သော် ကမာ့ကို သတိရသောကြောင့် တင်တင်ရင် ဘယ်လိုမှ မနေနိုင်တော့ပေ။ နာကျင်သည့်နှလုံးသားကို အရက်ဖြင့်စိမ်ရတော့သည်။ ညီလေးကို မကာကွယ်နိုင်သည့် အကိုကြီးဘဝက ဒီလောက်နာကျင်ခံစားရသည်ကို တင်တက်ရင် အံကြိတ်ခံပါသည်။ မိမိက အသုံးမကျတာကိုး။ သူ့ကျွန်ဘဝဆိုတော့ မိမိညီကို မကာကွယ်နိုင်တာ ဘာဆန်းလဲ။

ကမာအပေါ် မိမိခံစားချက်ကို တင်တက်ရင်မစစ်ဆေးမိခဲ့ပါ။ ညီအစ်ကို သံယောဇဉ်ကြောင့်သာ ထင်ခဲ့ရာမှ တင်မော်ရင်လက်ထပ်မည်ဆိုလို့ အိမ်ပြန်လာရင်း ကမာကို တွေ့လိုက်ရစဉ် တင်တက်ရင် မိမိခံစားချက်ကို သိမြင်သွားသည်။

"သိပ်လှတယ် ကမာလေး..."

ရင်ထဲတွင်တီးတိုးပြောလိုက်မိစဉ် ကမာက မိမိရင်ခွင်ထဲ တိုးဝင်ခဲ့သည်။ တင်တက်ရင် တကိုယ်လုံး ရှိန်းဖိန်းသွားသည်။ လှည့်လည်နေသော သွေးများခဲသွားသလို၊ မြင့်မားလှသော တောင်ပေါ်မှပြုတ် ကျ သွားသလို၊ ရေခဲမြစ်ကြီးထဲ ကျသွားသလို။

တင်တက်ရင်သိလိုက်သည်က ကမာကို မိမိ ချစ်သွားမိပြီ......
တင်တက်ရင် မိမိစိတ်ကို သိလိုက်ရစဉ် အရမ်းတုန်လှုပ်သွားသည်။ မဖြစ်သင့်ပါ။ ရေနစ်နေသော ညီလေးကို ကယ်တင်ရမည့်အစား မိမိက ညီလေးအပေါ် ခံစားချက်ရှိသည်က အင်မတန်ကို ရှက်ဖို့ ကောင်းပါသည်။ သေဖို့ထိုက်တန်နေပြီ။

ကမာအပေါ် မိမိခံစားချက်ကို ရအောင်ထိန်းချုပ်မည်ဟု ဆုံးဖြတ်ကာ တင်တက်ရင် ကမာကို တမင် မာထန်စွာ စိမ်းကားစွာ ရက်စက်စွာ ဆက်ဆံလွှတ်လိုက်ပါသည်။
မျက်ရည်ဝဲကာ ပြေးထွက်သွားသော ကမာကို ကျောခိုင်းထားကာ အိမ်ထဲဝင်ခဲ့စဉ် တင်တက်ရင်၏ အသည်းတို့က စူးအောင့်နေအောင် နာကျင်လာသည်။.

"ခံလိုက်စမ်း။ ညီအပေါ်တောင် မရိုးသားစိတ်မွေးတဲ့အကောင် ခံလိုက်စမ်းပါ။ ဒါလား နေုာင်တော် တယောက်ရဲ့ စိတ်ဓါတ်။ တင်တက်ရင် မင်းသေသင့်နေပြီကွ။ ကမာသာ မင်းစိတ်ထားကို သိရင် မင်းကို ရွံမုန်းသွားတော့မှာ။ ခံလိုက်စမ်းကွာ...အသည်းကွဲတာ မသေလောက်ပါဘူးကွ...."

တင်တက်ရင် အရက်ကို အိုးလိုက်မော့ကာ တယောက်တည်း စိတ်ထဲမှ ရေရွတ်နေမိသည်။
မိဖုရားဝတ်စုံနှင့်ကမာလေးကို မြင်လိုက်၊ အရက်ကိုမော့သောက်လိုက်လုပ်နေသည်။ နောက်ဆုံး မူးပြီး အိပ်ပျော်သွားတော့မှ အရက်သောက်တာ ရပ်တော့သည်။
ကမာသည် အကိုကြီး၏ စိမ်းကားသော ဆက်ဆံရေးကြောင့် နန်းတော်သို့ ငိုပြီးပြန်လာခဲ့သည်။
အဆောင်သို့ရောက်သော် မင်းကြီးရောက်နှင့်နေသဖြင့် မျက်ရည်ကို သုတ်လိုက်သည်။ သို့သော် တေးဟာခန်က မြင်းလှည်းထဲမှ ဆင်းလာသောကမာကို သေချာစောင့်ကြည့်နေသူဖြစ်လို့ မျက်ရည်စ များနှင့် ငိုလာသည်ကို တွေ့သော် အမြန်လာခဲ့ပြီး ကမာ့မေးလေးကို ပင့်မကာ မေးလိုက်သည်။

"ကမာ့ကို ဘယ်သူငိုအောင်လုပ်ခဲ့တာလဲ..."

တေးဟာခန် ဒေါသဖြင့်မေးလိုက်သည်။ ကမာ မင်းကြီးရင်ခွင်ထဲ တိုးဝင်ကာပြောလိုက်သည်။

~ ဆက်ရန်




မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Место, где живут истории. Откройте их для себя