Part.43 ဇာတ်သိမ်းပိုင်း

2.3K 77 6
                                    

Part.43 ဇာတ်သိမ်းပိုင်း

အေးချမ်းမှုတွေ လွှမ်းခြုံထားတဲ့
နံနက်ခင်းတစ်ခုမှာ...
မိသားစုလိုက် နံနံက်စာ အတူစားတော့
မီးမီးလေး ခြူးရတီရဲ့ ဆည်းလည်းသံလေးကြောင့်
တစ်အိမ်လုံး အပြုံးပန်းလေးတွေ ဖူးပွင့်ဝေဆာချိန်
ကလေးလေးတစ်ယောက်ကတော့ နှုတ်ခမ်းလေး
စူပုတ်ပုတ်နဲ့ ဘယ်သူ့ကိုမှမကြည့်
မျက်လွှာလေးချလို့ သူ့ နံနက်စာသူ
ငုံ့စားနေလေတော့သည်....

" မီးလေး.... မမပြောနေတာ ကြားလား...
နောက်တစ်ခါ....
ရန်ဖြစ်ရင် ကျောင်းမှာ ပစ်ထားခဲ့မှာလို့"

ဂျစ်ကန်ကန်ကောင်မလေးက ဘာမှ ပြန်မပြော
လဝန်းနဲ့သဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ပြုံးနေကြသည် နှစ်ယောက်စလုံးက သမီးငယ်လေးကို သွန်းလေးလို့ခေါ်ပြီး ခြူးရတီလေးကတော့ သူ့ညီမလေးကို မီးလေးလို့ ချစ်စနိုးခေါ်ခြင်းဖြစ်ပါသည်
သူတို့ညီအစ်မနှစ်ယောက်ရဲ့
ပြဿနာ သူတို့ဖာသာ ရှင်းကြလိမ့်မည်
တစ်ချို့ကိစ္စတွေက ကြားဝင်ဖြေရှင်းပေးတာထက် ဘေးကနေ အေးအေးဆေးဆေး
ထိုင်ကြည့်နေခြင်းက ကလေးတွေအတွက်
ပိုအဆင်ပြေစေပါလိမ့်မည်

" ဘာမှ ပြန်မပြောဘူးလား.... ဒါဆိုလည်း ပြီးရော
ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်း လို့ဆိုတယ်
မမပြောတဲ့စကားကို မီးလေး လက်ခံတယ်လို့
အတည်ပြုလိုက်မယ်.... တကယ်ပစ်ထားခဲ့မှာနော်
ပြီးမှ ငိုမဲ့မဲ့ လာလုပ်မပြနဲ့"

" 😥😢😥 အီး....ဟီး...ဟီး.....ဟင့်....ဟင့် 😢."

ဘာစကားမှ ထွက်မလာခင် သွန်းရတီလေးရဲ့
ရှိုက်သံ အရင်ထွက်လာခြင်းဖြစ်သည်
လဝန်းနဲ့ သဲကလည်း အခြေအနေကို
အကဲခတ်နေဆဲ....

" သူတို့က အရင် ရန်လာစတာကို
မီးက ဒီအတိုင်း ငြိမ်ခံနေရမှာလား မ"... ရဲ့
ပြဿနာ တစ်ခုဖြစ်ပြီဆိုရင် မီးကိုပဲ အရင်ဆုံး
အပြစ်တင်တယ်... အီး...ဟီး..ဟီး....😳😭😭😭
သူများတွေကိုကြတော့ မမခြူး....
မမခြူးက ....အရမ်းချောတာပဲနော် မီးတို့ကို
အော်တိုလေး ထိုးပေးပါလားဟင်... လို့
ပြောလိုက်ရင်ကို အရည်တွေပျော်ကျပြီး...
ပြုံးဖြီးနေပြီးတော့ မိုးမမြင်လေမမြင်
ပီတိတွေဖြာ အီအီးတွေပါ ဖြစ်ပြီး
ကိုယ့်ညီမလေးတစ်ယောက်လုံးကိုတောင်
ရှိနေတယ်လို့ မထင်တော့ပဲနဲ့ အီး ဟီး ဟီး...
မီးကိုဆို ဆူဖို့ပဲ သိတယ်... ဝါး...😭😭😭

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now