Part.7

1.1K 26 0
                                    

Part. 7

Prosperous Company ရဲ့ CEO
မင်းခန့်သော်ဇင်နဲ့
Compassionate Company ရဲ့ CEO
ဖြစ်လာခဲ့တဲ့ လဝန်းအက္ခရာ ဟာ
ငါးနှစ်လောက် တစ်ယောက်ကိုတစ်ယောက််
သစ္စာရှိစွာ ချစ်ခဲ့တဲ့ကြသူတွေပါ

Compassionate company ထဲ
ခြေချလိုက်တာနဲ့ ဝန်ထမ်းတွေရဲ့
အကြည့်တွေဟာ သိပ်ကို ယောင်္ကျားပီသပြီး
ဆွဲဆောင်မှုရှိနေတဲ့ မင်းခန့်သော်ဇင်ဆီက
မခွာနိုင်ကြပါဘူး....

ဝန်ထမ်းတစ်ယောက်က မေးတယ်

" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်....

" လဝန်းအက္ခရာ နဲ့ တွေ့ချင်လို့ပါ

"ကြိုတင်ပြီး ချိန်းထားသေးးလားရှင့်

" ချိန်းမထားပါဘူး မင်းခန့်သော်ဇင်က
တွေ့ခွင့်တောင်းတယ်လို့ ပြောပေးပါ

"ဟုတ်ကဲ့ ခဏလေးစောင့်ပါရှင့်

ထိုစဥ် သမီးအခြေအနေကို လာကြည့်တဲ့
ဦးသူရကိုကိုနှင့် ထိပ်တိုက်တိုးတော့သည်

"ဟော... မောင်းမင်းခန့် သမီးဆီလာတာလား.

"ဟုတ်ပါတယ် အန်ကယ်... ဒီနေ့မှ ကျွန်တော်
စင်ကာပူနိုင်ငံက ပြန်ရောက်လို့ပါ

"အေး လုပ်ငန်းတွေ အဆင်ပြေခဲ့လား
မင်းအ​ဖေကို ပြောလိုက်ပါဦး
တစ်နေ့ ညစာ အတူစားရအောင်လို့
မိသားစု စုံစုံညီညီပေါ့....
အခန်းထဲမှာ မင်းညီမရှိတယ် ဝင်သွားလေ...

" ဟုတ်ကဲ့ ကျေးဇူးပါအန်ကယ်....

" ဒေါက်.... ဒေါက်....

"ဝင်ခဲ့ပါ....

" ဟာ... ကိုကို.... ဘယ်တုန်းကပြန်ရောက်တာလဲ....

" ခုပဲ ပြန်ရောက်တာ လဝန်း...ရဲ့
အိမ်တောင်မဝင်ရသေးဘူး ကိုယ့်အသည်းလေးဆီ တန်းဝင်လာတယ်...

" ဒါကိုယ့်ရဲ့ လက်ဆောင် လဝန်းအတွက်
စလင်းဘက်အိပ် အနီရောင်လေး
ဒါက သီဟအတွက် ယောင်္ကျားကိုင်
ပိုက်ဆံအိပ် ကျန်တာတွေတော့
လဝန်းပဲ မျှပေးလိုက်တော့နော်....

" ကိုကို.... ကော်ဖီသောက်မယ်မို့လား...
လဝန်းကိုယ်တိုင် ဖျော်ပေးမယ်နော်

"သောက်မယ်လေ.... လဝန်းလေးရဲ့လက်ရာ
မသောက်ရတာကြာပြီ...

အဲဒါဆို ကိုကို ခဏထိုင်စောင့်ဦးနော်
လဝန်း ဖျော်လိုက်ဦးမယ်...

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Tahanan ng mga kuwento. Tumuklas ngayon