Part.33

1.1K 61 0
                                    

Part. 33

လဝန်းအက္ခရာ တစ်ယောက်လည်း
အတွေးတွေကြားမှာ ရင်တွေ မောနေရပါသည်...
ငါးနှစ်လောက် နှစ်ကိုယ်တူ ချစ်လာခဲ့ကြတဲ့
ကိုကို့ကိုတောင် လဝန်းအပေါ်မှာ သစ္စာရှိဖို့
လဝန်း မစွမ်းနိုင်ခဲ့တာ....
ကလေးသာသာ ရှိနေသေးတဲ့ သဲ..ကိုရော
လဝန်းက ထိန်းနိုင်မှာတဲ့လား....?
ပြီးတော့ သဲ တစ်ယောက်တည်းတင်မဟုတ်
ကလေးနှစ်ယောက်ကလည်း ရှိနေသေးတယ်
အဲဒီတော့ ကလေးသုံးယောက်စလုံးကို
လဝန်းက ဘယ်လို မှော်အစွမ်းတွေနဲ့များ
ထိန်းထားနိုင်မှာတဲ့လဲ...
သူတို့ သုံးယောက်စလုံးကရော လဝန်းရင်ခွင်မှာ တစ်သက်လုံး ပျော်မှာတဲ့လား....
လဝန်းကရော သဲကို ချစ်နေမိပြီလား...?
သဲကရော လဝန်းကို အစ်မတစ်ယောက်လိုဘဲ
သဘောထားတာများလား...?
လဝန်းအက္ခရာတစ်ယောက် အတွေးတွေကြားမှာ ချာချာလည်ပြီး ခေါင်းတွေရမ်းနေမိတော့သည်....

" မမ... ခေါင်းကိုက်နေလို့လားဟင်...?
သဲ နှိပ်ပေးရမလား...?

သဲက အိပ်မပျော်သေးပဲ လဝန်းကို ကြည့်နေတာမို့... လဝန်းကလည်း သဲ ဘက်ကို
လှည့်လာပြီး....

" ဟင့်အင်း... သဲ.... တို့ ဘာမှ မဖြစ်ဘူး...
နေစမ်းပါဦး မင်း မျက်နှာက ဘာလို့
နီရဲနေ.... ဟယ်... ကိုယ်တွေ ပူနေလို့ပါလား...

လဝန်းအက္ခရာ ပြောနေရင်းတန်းလန်းနဲ့
သဲ ရဲ့ ပါးကလေး ကိုင်ကြည့်မိတော့
ခြစ်ခြစ်တောက် ပူနေတာနဲ့ ပျာယာခတ်သွားတော့သည်...

" ခဏလေးနော်... တို့ ရေဝတ်တင်ပေးမယ်...

လဝန်းအက္ခရာ အောက်ကိုပြေးဆင်းသွားပြီး

" ကြီးကြီးသိမ့် အဆင်ပြေရင် ကြက်သားဆန်ပြုတ်လေး ပြုတ်ပေးပါဦး...
သဲ ဖျားနေလို့"

" သြော်... အေး သမီးလေး ကြီးကြီးပြုတ်လိုက်မယ်နော်... ထွေးရေ... ကြက်သွန်နီကို
သေးသေးလေးတွေ လှီးပေးဦး ဝင်းဝင်းက
ပြုတ်ထားတဲ့ အာလူးကို ထောင်းထားလိုက်နော်.... ဝက်ပင်စိမ်းလေးနဲ့ အာလူးကတ်သလိပ်ကြော်မလို့ ပြီးရင် ဂျူးမြစ်နဲ့
ဗူးသီးအချဥ်ဟင်းချက်မယ် ကြက်သား
ပြုတ်ကြော်လေးရယ်...

ကြီးကြီးသိမ့်က သူ့ဘာသာပြောပြီး
စီစဥ်စရာရှိတာတွေ စီစဥ်နေတော့
လဝန်း အပေါ်ထပ် ပြန်တက်လာပြီး
သဲကို ရေပတ်တိုက်ပေးလိုက်သည်။

သံယောဇဥ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now